နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲမှာ ကိုဗစ်ကြောင့်အပြည့်ဝင်ရောက်ခွင့်မရတဲ့ အင်္ဂလန်ပရိသတ်‌

ဇူလိုင် ၆


ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲစဉ် တွေကိုလူ ၆၀၀၀၀ ဆန့်ဝင်ဘလေကွင်းမှာ ကျင်းပ မှာဖြစ်ပေမယ့် ကိုဗစ်ကြောင့်၊ အပြည့်ဝင်ရောက် ခွင့်ပြုမှာမဟုတ်တဲ့ စည်းမျဉ်းသစ်ကြောင့်အင်္ဂလန် ပရိသတ်တွေဟာ မှောင်ခိုလက်မှတ်ဝယ်ရဖို့များနေပါတယ်။  အင်္ဂလန်အစိုးရဟာ ၅၅ နှစ်အတွင်း ပထမဆုံးအကြိမ်  ဗိုလ်လုပွဲတက်ခွင့်ရမယ့် အခြေအနေမှာ  ပရိသတ်အပြည့်ဝင်ခွင့်ပြုဖို့ တုံ့ဆိုင်းနေခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း အင်္ဂလန်ရဲ့ အုပ်စုပွဲစဉ်တွေမှာ ပရိသတ် ၂၂၅၀၀၊ ဂျာမနီနဲ့ ၁၆ သင်း  အဆင့်ပွဲစဉ်မှာ ပရိသတ် ၄၅၀၀၀ ဝင်ရောက်ကြည့်ရှုခွင့်ပြုကာ  ကွင်းတွင်း ဝင်ရောက်ခွင့်ကို ၂ ကြိမ်တိုင် တိုးမြှင့်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် England Travel Supporters Club ရဲ့ စီစဉ်မှုနဲ့အတူ ပရိသတ် ၉၀၀၀ ထပ်မံတိုးမြှင့်ခွင့်ပြုဖို့   အက်ဖ်အေက ယူအီးအက်ဖ်အေကို ခွင့်ပြုထားခဲ့ပြီးဖြစ်ပါတယ်။ ဒိန်းမတ်ဟာ  အင်္ဂလန်သို့ ခရီးသွားခွင့်ရထား တဲ့အတွက် ယူကေမှာရှိနေတဲ့ ဒိန်းမတ် ပြည်သူ ၅၀၀၀အတွက် လက်မှတ်ကိုရယူထားကြောင်း ဒိန်းမတ်အက်ဖ်အေ  ပြောထားပါတယ်။ အဆိုပါ ပွဲစဉ်ကိုသွားရောက်ကြ မယ့်သူတွေက အင်္ဂလန် ကိုမသွားမီ ၂ ရက်အလိုမှာ ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေး ရမှာဖြစ်ပြီး ပိုးတွေ့မှသာ ကွာရန်တင်း ဝင်ရမယ်လို့ သိရပါတယ်။ ဒိန်းမတ်အက်ဖ်အေကတော့ အင်္ဂလန် မှ ဒိန်းမတ်ပြည်သူတွေအတွက် ဆီမီးဖိုင်နယ်မှာ အားပေးနိုင်ဖို့အသင်းဂျာစီတွေနဲ့ အလံတွေ ပို့ပေး ထားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ