နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ခုနှစ် ရွှေဘောလုံးဆုရဖို့ အလားအလာ အကောင်းဆုံး ကစားသမား ၅ ယောက်‌

ဇူလိုင်  ၆


ဘောလုံးလောကရဲ့  ဂုဏ်သိက္ခာ အကြီးမားဆုံး ရွှေဘောလုံး ( ခ ) Ballon D’or ဆုဟာတစ်နှစ်တာ အကောင်းဆုံး ကစားသမားကိုရွေးချယ်သတ်မှတ် တဲ့ဆုလည်းဖြစ်ပါတယ်။ ဖီဖာနဲ့UEFAတို့ကလည်း တစ်နှစ်တာအကောင်းဆုံးဆုတွေ ပေးအပ်ကြပေ မယ့် ရွှေဘောလုံးရဲ့ ဂုဏ်အရှိန် အဝါ နဲ့ သက်တမ်း ကြာမြင့်မှုကို လိုက်မယှဉ် နိုင်သေးပါဘူး။ ဒါကြောင့် ရွှေဘောလုံးဆုရှင်ကိုသာ နှစ်တစ်နှစ်ရဲ့အကောင်း ဆုံးကစားသမားအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် နိုင်ငံအသင်းပြိုင်ပွဲတွေ  မရှိရင် ချန်ပီယံလိဂ်ဟာ  ရွှေဘောလုံးဆုအတွက် အဆုံး အဖြတ်အပေးနိုင်ဆုံး ပြိုင်ပွဲဖြစ်နေခဲ့ပါတယ်။ ကမ္ဘာ့ဖလား၊ယူရိုနဲ့ကိုပါအမေရိက ပြိုင်ပွဲတွေ ရှိတဲ့ ကာလမှာတော့ ကလပ်နဲ့ နိုင်ငံတကာပွဲက စွမ်းဆောင်ရည်တွေကိုကြည့်ပြီး   မဲပေးခဲ့ကြပါ တယ်။ မက်ဆီနဲ့   ရော်နယ်ဒိုတို့အပြိုင်ကြဲခဲ့တဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကအဲဒီနှစ်ယောက်ဟာ ရာသီတိုင်းမှာ အကောင်းဆုံးပုံစံတွေ ရရှိခဲ့ကြပြီး  ရွှေဘောလုံးဆန်ခါတင်စာရင်းထဲကို နှစ်တိုင်း ပါဝင်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာ ပေမယ့်လည်း  ဆန်ခါတင်စာရင်းကိုတော့ တစ်ယောက်မဟုတ် တစ်ယောက်ပါဝင်နေဆဲဖြစ် ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကလပ်အသင်းဘက်မှာ ချန်ပီယံလိဂ်ရှိခဲ့သလို နိုင်ငံအသင်းဘက်မှာလည်း ယူရိုနဲ့ ကိုပါ အမေရိက ပြိုင်ပွဲတွေရှိ နေခဲ့ပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံးခန့်မှန်းရမယ်ဆိုရင်တော့ ၂၀၂၀ ပြည့်နှစ်ရဲ့ ရွှေဘောလုံးဆုကိုရဖို့ အလား အလာအကောင်းဆုံး  ကစားသမားတွေအဖြစ် ၅။ ကယ်ဗင်ဒီဘရိုင်းနား၊ ၄ ။ ဂျော်ဂျင်ဟို၊ ၃။ ဟယ်ရီကိန်း၊ ၂ ။ ရောဘတ် လီဝန်ဒေါ့စကီး နဲ့ ၁ ။ လီယွန်နယ် မက်ဆီတို့ဖြစ်ကြပါတယ်။           (SO)






အခြားဆက်စပ်သတင်းများ