နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီယာနစ်နဲ့ အမ်တီတီကို အလွတ် ထွက်ခွာခွင့်ပြု လစာငွေ လျှော့ချနိုင်ဖို့ ဘာစီလိုနာ စီစဉ်‌

ဇူလိုင် ၆


ဘာစီလိုနာအသင်းဟာ ယခုနှစ်နွေရာသီ ပြောင်းရွှေ့ကြေးလုံလောက်စွာ   ရဖို့အတွက် အမ်တီတီနဲ့ ပီယာနစ်တို့ကို အလွတ်နဲ့ ထွက်ခွာ ခွင့်ပြုဖွယ်ရှိနေတယ်လို့   သိရပါတယ်။ အသင်း လိုအပ်နေတဲ့ နေရာအတွက် အဂူရို၊ ဒီပေးနဲ့အဲရစ် ဂါစီယာတို့ကို အလွတ်နဲ့ ခေါ်ယူထားခဲ့ပါတယ်။ မက်ဆီဟာ ယခုအချိန်မှာ ဘာစီလိုနာနဲ့ စာချုပ် သက်တမ်းကုန်သွားပြီး အသင်းလက်မဲ့ ဖြစ်နေ ခဲ့ပါတယ်။ 


Goal ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ အမ်တီတီနဲ့ ပီယာနစ်တို့ကို လျော်ကြေး ပေးပြီး စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေကြောင်းသိရ ပါတယ်။ဒါပေမဲ့ ပီယာနစ်က စာချုပ်သက်တမ်း ၃နှစ်၊ အမ်တီတီက ၂နှစ် ကျန်နေသေးတဲ့ အနေ အထားမှာ သဘောတူညီမှုရဖို့ တော်တော်လေး စျေးကြီးပေးရဖို့ ရှိနေပါတယ်။ ပီယာနစ်ဟာ ယမန်နှစ် နွေရာသီကမှ ဘာကာကို ပေါင် ၅၅ သန်း နဲ့  ရောက်လာပေမယ့်အသင်းမှာ ပွဲထွက်ခွင့် တော့ သိပ် မရခဲ့ပါဘူး။ ၃၁ နှစ်သားဟာ ယမန်နှစ်ရာသီက လာလီဂါ ၆ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး အဆိုပါ ပွဲစဉ် တွေအတွင်းမိနစ်၉၀ပြည့်ကစားခွင့်ရတာ ၁ ပွဲပဲ ရှိခဲ့ပါတယ်။ အမ်တီတီဟာလည်း အသင်းကြီးမှာ ပွဲထွက်ခွင့် မရခဲ့သလို ဒူးဒဏ်ရာကြောင့် ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့ရပါတယ်။ ဒီ ကစားသမားနှစ်ဦးကိုသာ လျော်ကြေးပေးပြီး ထုတ်နိုင် ခဲ့ရင် မက်ဆီကိုပေးရမယ့် လစာပမာဏကို ဖြေရှင်းနိုင်ဖို့များနေပါတယ်။                                 (SO)






အခြားဆက်စပ်သတင်းများ