နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမား ၁၁ ဦးစာချုပ် သက်တမ်းကုန်မယ့် ခရစ္စတယ်ပဲလေ့စ် နည်းပြသစ် ဗီအဲရာ‌

ဇူလိုင်  ၆


ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပထမဆုံးနည်းပြ ရာထူးကိုရယူခဲ့တဲ့ ဗီအဲရာကအသင်းနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဟော့ဆန်ဟာအသင်းကိုပြီးခဲ့တဲ့နှစ်မှာ အဆင့် ၉ နေရာနဲ့ရာသီ ပိတ်သိမ်းနိုင်အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ဒီနွေရာသီမှာ ကစားသမား ၁၁ ဦး စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့  လိုအပ်နေတာကြောင့်ဗီအဲရာ အတွက် အခက်အခဲနဲ့ လုပ်ရမှာဖြစ်ပါတယ်။ “ကြီးကျယ်ခမ်းနားတဲ့ အသင်းကို ကိုင်တွယ်ခွင့် ရရှိကာ ပရီးမီးယားလိဂ်သို့ ပြန်လာရတဲ့ ဒီအခွင့် အရေးအတွက် စိတ်လှုပ်ရှားမိပါတယ်။ အသင်းရဲ့ အကယ်ဒမီအပါအဝင် တစ်သင်းလုံးအတွက် အစီအစဉ်တွေကိုဥက္ကဋ္ဌ၊ အားကစားဒါရိုက်တာ တို့နဲ့ဆွေးနွေးကြမှာဖြစ်ပြီး ဒီအလုပ်ကိုကျွန်တော် ကအရမ်းနှစ်သက်မိပါတယ်။ အသင်းနှင့်အတူ ပရိသတ်တွေနဲ့ အဝေးကွင်းအိမ်ကွင်းမှာတွေ့ရမယ့် အတွေ့အကြုံအတွက်စိတ်လှုပ်ရှားမိပါတယ်။


 နယူးယော့ခ် နဲ့နိုက်စ်မှာကောင်းမွန်တဲ့အတွေ့ကြုံတွေရပြီးနောက် ကျွန်တော်ကိုခရစ္စတယ်ပဲလေ့စ် အသင်းရဲ့နည်းပြရာထူးလက်ခံဖို့ သဘောတူညီခဲ့တဲ့အတွက်ဝမ်းသာပြီးစိတ်လှုပ်ရှားမိပါတယ်”လို့ဗီအဲရာကပြောပါတယ်။အသင်းရဲ့ဥက္ကဋ္ဌကလည်း“လာမယ့် ရက် သတ္တပတ်တွေမှာ ကျွန်တော်တို့က လုပ်ဆောင်စရာတွေအများကြီးရှိပါတယ်။ အသင်း ကိုအောင်မြင်အောင်ကူညီဖို့ မျက်နှာသစ်ကစား သမားတွေခေါ်ယူဖို့ ကျွန်တော်ကဗီအဲရာ၊ ဖရီးမန်း တို့နှင့်အတူ လက်တွဲလုပ်ဆောင်ဖို့မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။                            

(SO)






အခြားဆက်စပ်သတင်းများ