နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း ကစားသမား ဂွမ်ဒူဇီကို တစ်နှစ်အငှားစာချုပ်ဖြင့် မာဆေးလ်အသင်း ခေါ်ယူ‌

ဇူလိုင် ၆


မာဆေးလ်အသင်းသည် အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို တစ်နှစ်အငှား စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။


မာဆေးလ်အသင်းသည် ဂွမ်ဒူဇီကို ကနဦး တစ်နှစ်အငှားစာချုပ်အတွက် စတာလင်ပေါင် ၁၀ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး  လာမည့်ဘောလုံး ရာသီ ကုန်ဆုံးချိန်မှသာ အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။


အသက် ၂၂ နှစ်အရွယ်ရှိ ဂွမ်ဒူဇီသည် ၂၀၁၈ ခုနှစ်က ပြင်သစ်ကလပ် လိုရီယန့်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းတွင် အစောပိုင်းနှစ်များက အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့ သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက ဟာသာ ဘာလင်အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့်သွား ရောက်ကစားခဲ့သည်။ လက်ရှိတွင် ယင်းသည် အာဆင်နယ်အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီး အာဆင်နယ်အသင်းနည်းပြ အာတီတာ၏ ရောင်းချ မည့် ကစားသမား စာရင်းတွင်  ပါဝင်နေသည့် အတွက် မာဆေးလ်အသင်းက  ကနဦးတစ်နှစ် အငှားစာချုပ်ဖြင့်  ခေါ်ယူခဲ့သော်လည်း ရာသီ ပြီးဆုံးချိန်တွင် အပြီးသတ်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။                         

 (သူရိန်)






အခြားဆက်စပ်သတင်းများ