နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီပဲယင်း၊ ဇူလိုင် ၅

လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင် အကြမ်းဖက်သူများက ချောင်းမြောင်းတိုက်ခိုက်


ဇူလိုင် ၂ ရက်၊ နံနက် ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေ အေးချမ်းရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၈ နာရီခွဲခန့် တွင် ဒီပဲယင်းမြို့နယ်၊  ဆပ်ပြာကျင်း ကျေးရွာအရှေ့ဘက် အရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူ အင်အား  ၁၀၀  ဦးခန့်က လမ်းဘေးဝဲ/ယာ တောင်ကုန်းများပေါ်မှ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်သေနတ် များဖြင့် ချောင်းမြောင်းပစ်ခတ် တိုက် ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် လက်နက်ကိုင် အကြမ်းဖက်သူများ အနောက်တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ယင်းတို့ တိုက်ခိုက်ခဲ့သည့် နေရာတစ်ဝိုက်အား လိုက်လံစစ်ဆေးခဲ့ရာ အဆိုပါနေရာ များမှ လက်လုပ်စိန်ပြောင်းလေးလက်၊ တူမီးသေနတ် ခြောက်လက်တို့ကို သိမ်းဆည်းရခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်း သိရသည်။                 

 ဆွေဦး






အခြားဆက်စပ်သတင်းများ