နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေး အမြန်လမ်း၌ လက်နက်/ခဲယမ်းများဖမ်းဆီးရမိ

နေပြည်တော်၊  ဇူလိုင် ၅


ဇွန် ၂၆ ရက်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၅) အနီး၌ လက်နက်/ခဲယမ်းများ သယ် ဆောင်လာသူ ကျော်ဇောဟိန်း၊ (၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူနှင့် သိန်းသန်းမိုး၊ (၂၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတို့နှစ်ဦးကို ပရိုဘောက် အမျိုးအစား တက္ကစီယာဉ်ပေါ်မှ AK-47 လေး လက်၊   M-16 နှစ် လက်၊   Glock အမျိုးအစား ၉ မမ ပစ္စတို နှစ်လက်၊ စုစုပေါင်း လက်နက်ငယ်မျိုးစုံရှစ်လက်၊ ကျည်အိမ် ငါးခု၊ MG 2 အီနာဂါဗုံးသီး ၁၀ လုံး၊ ၅ ဒသမ ၅၆ ကျည် ၃၁၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၂၇ ရက်တွင် ဆက်စပ်တရားခံ ဟန်မောင်မောင်ချို(ခ) ပေါင်ပေါင်ကို ပခုက္ကူမြို့နယ်၊ မြိုင်သာယာကွက်သစ် ရှိ သနပ်ခါးခြံအတွင်း၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။    


ဖမ်းဆီးရမိ တရားခံများ၏ ထွက် ဆိုချက်များအရ လက်နက်/ခဲယမ်း များကို မြဝတီမြို့တွင် နေထိုင်သော နေမျိုးမှတစ်ဆင့် KNDO အဖွဲ့မှ ချိတ် ဆက်ဝယ်ယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ