နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်ချိုရဲ့ ဘောလုံး ဆွဲယူမှု၊ ဖြတ်ကျော်မှုတွေသဘောကျတဲ့ သရဲနီပရိသတ်‌

ဇူလိုင် ၅


ဂျေဒန်ဆန်ချိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ ယူကရိန်းအသင်းနဲ့ ပွဲစဉ်အတွင်း ညာခြမ်းမှာ မကြာခဏ ပိတ်ဆို့ခြင်းခံခဲ့ရပေမယ့် ပထမပိုင်းအတွင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့ ဘောလုံး ဆွဲယူမှုတွေ၊ဖြတ်ကျော်မှုတွေက ပရိသတ်တွေကိုဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း ယူကရိန်းကစားသမားနှစ်ဦးကို လှလှပပဖြတ်ကျော်ခဲ့လို့ဆန်ချိုရဲ့ စကေးက ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများလျက်ရှိပါတယ်။ 


အဆိုပါ ဖြတ်ကျော်မှုမှာ ဆန်ချိုရဲ့ အကောင်းဆုံးစွမ်းဆောင်ရည် တစ်ခုဖြစ်တဲ့ ပြိုင်ဘက်ကစားသမား တွေကြား tight spaces နေရာတွေမှာဘောလုံး လက်ခံရယူနိုင်တဲ့ အနီးကပ်ထိန်းချုပ်နိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ စတာလင်ဟာဂါရတ်ဆောက်ဂိတ်ရဲ့ တိုက်စစ်ပိုင်း အောင်မြင်မှုမှာ  များစွာပါဝင် ပတ်သက်ခဲ့ပြီး အိုးထရတ်ဖို့ဒ်အသင်းဖော် လုခ်ရှောနဲ့အတွဲအဖက်မိမိ ကစားနိုင် ခဲ့တဲ့အပေါ် ယူနိုက်တက် ပရိသတ်တွေက သဘောကျလျက်ရှိပါတယ်။  ဆန်ချိုက ရာဟင်းစတာလင်နဲ့အကြိမ်များစွာ နေရာလှည့် ကစားခဲ့တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားနဲ့ ချိတ်ဆက်မှု တွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချို က ယူကရိန်းနဲ့ ပွဲစဉ်မှာ မိနစ်  ၉၀  ပြည့် ကစားခဲ့ပြီး ပေးပို့မှု  ၉၃  ရာခိုင်နှုန်းထိ တိကျမှုရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ သူက duels ၇  ကြိမ် ပြုလုပ်ခဲ့ပြီး dribbles ၄  ကြိမ်အောင်မြင်မှုရခဲ့ပါတယ်။                                                                                                      (SO)






အခြားဆက်စပ်သတင်းများ