နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချမည်မဟုတ် စပါးအသင်း နည်းပြသစ် ပြော‌

ဇူလိုင် ၅


စပါးအသင်း နည်းပြသစ် ဆန်းတို့စ်သည် အသင်းတိုက်စစ်ပိုင်း တွင် အားထားရသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချသွား မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။


လက်ရှိတွင် မန်စီးတီးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို အဓိက ပစ်မှတ်ထားနေကာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ ဖြင့်ခေါ်ယူရန်ကြိုးစားနေသော်လည်း ယင်းကို စပါးအသင်း နည်းပြသစ်ကရောင်းချ သွားမည်မဟုတ်ဟု ပြောကြားထားသည်။


တိုက်စစ်မှူး ဟယ်ရီကိန်းသည် စပါးလူငယ်အသင်းမှ အသင်းကြီး သို့ ၂၀၁၂ ခုနှစ်က ပါဝင်ခွင့်ရရှိခဲ့ပြီးအသင်းနှင့် အတူ ပြိုင်ပွဲစုံ ၃၄၁ ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုး ၂၂၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့သောကြောင့် မန်ယူနှင့် မန်စီးတီးအသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းခံထားရသူဖြစ်သည်။


ဟယ်ရီကိန်းကလည်း ကစားသမားဘဝ အောင်မြင်မှုများရယူနိုင်ရေးအတွက် စပါးအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသော်လည်း နည်းပြသစ် ဆန်းတို့စ်က ရောင်းချသွားမည်မဟုတ်ဘဲ အသင်းတွင် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။        

(သူရိန်)






အခြားဆက်စပ်သတင်းများ