နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်သို့ ပြန်လာဖွယ်ရှိနေတဲ့ ရော်နယ်ဒို

ဇူလိုင် ၅


ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်း တွေပျံ့နှံ့နေပါတယ်။ ရော်နယ်ဒိုကလည်း ဂျူဗင်တပ်နဲ့သက်တမ်းတိုးစာချုပ်မချုပ်ဆိုတော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်မှာ ရော်နယ်ဒိုက ပြဿနာတစ်ခုရှိနေနိုင်တယ်လို့ ထင်ကြေးတွေပေးနေကြပါတယ်။ ဂျူဗင်အသင်းမှာဂိုးတွေအများကြီး သွင်းယူတာနဲ့ ပြည်တွင်းဆုဖလားအားလုံးကို ရရှိခဲ့တာကတော့ ပြဿနာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေဆုဖလား ကိုလက်လွှတ်ခဲ့ရတာက ပြဿနာတစ်ခု မဟုတ်သော်လည်းအသင်း ရဲ့ကစားသမားတွေကြားမှာ ပြဿနာတွေရှိနေပါတယ်လို့ ကလပ်ရဲ့ ကစားသမားဟောင်းဖြစ်သူ ထရက်ဇီဂေးကပြောပါတယ်။ “ဂိုးပေါင်း ၁၀၀ သွင်းယူထားနိုင်သော်လည်း အသင်းဖော်တွေနဲ့ ပြဿနာအနည်း ငယ်ရှိနေတာကိုတွေ့နိုင်ပါတယ်။ ဂျူဗင်တပ်စ်မှာ စကားပြောနည်း တာကလည်း ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်”လို့လည်း ထရေဇီဂေး က ပြောပါတယ်။ နည်းပြသစ်အယ်လီဂရီက အသက်အရွယ်ကြီး နေပြီဖြစ်တဲ့ ရော်နယ်ဒိုထက် ဒိုင်ဘာလာကိုသာ အသုံးပြုဖွယ်ရှိနေတာ ဖြစ်ပြီး ပေါ်တူဂီစတားအနေနဲ့လည်း အိုးထရက်ဖို့ဒ်ကိုပြန်ဖို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ကွင်းလယ်မှာရက်ချ် ဖို့ဒ်နှင့်တွဲဖက်ပြီး ဆန် ချို့နှင့်အတူ ကွင်းရဲ့တောင်ပံတစ်ဖက်စီမှာကစားကာ သူ့ရဲ့နောက် မှာဖာနန်ဒက်စ်ရှိနေတဲ့ကစားပုံက မန်ယူနိုက်တက်အလိုရှိ နေတဲ့ပုံစံ ဖြစ်ပါတယ်။                                                                                (SO)






အခြားဆက်စပ်သတင်းများ