နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အော့စ်ပီနာရဲ့ အံ့မခန်း လက်စွမ်းနဲ့ ဆီမီးဖိုင်နယ်ရောက်သွားတဲ့ ကိုလံဘီယာ‌

 ဇူလိုင်  ၅


ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးအသင်း နဲ့ ကိုလံဘီယာအသင်းတို့ကစားရာ ကိုလံဘီယာအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ  ၄-၂ ဆိုတဲ့ရလဒ်နဲ့ဥရုဂွေးအသင်း ကိုအနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ကို အနိုင်ယူနိုင်ဖို့နှစ်သင်းစလုံး အဓိက ကစားသမားအစုံ အလင်  အသုံးပြုလာခဲ့ပြီး  ပွဲစဉ်ဟာလည်း ခြေရည်တူ အနေ အထားမှာရှိခဲ့ပါတယ်။ ဒါပေမယ့် ကိုလံဘီယာအသင်းကစားပုံ ပိုကောင်းခဲ့သလို ဂိုးသွင်းခွင့်တွေလည်းရခဲ့ပြီး ဥရုဂွေး အသင်းကတော့တစ်ဦးချင်းကစားဟန်နဲ့သာ အနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ လူစာရင်းအရ ဥရုဂွေးအသင်းက ပိုမိုအင်အားတောင့်တင်းပေမယ့် ကိုလံဘီယာအသင်းရဲ့စုစည်းမှု အားကောင်းတဲ့ကစားဟန်ကြောင့် ဥရုဂွေးအသင်းဟာအနည်းငယ်ရုန်းကန်ခဲ့ရပြီး ဂိုးသမားမူစလယ်ရာကြောင့်သာမဟုတ်ရင် သာမန်ပွဲကစားချိန်အတွင်းမှာပဲ ကိုလံဘီယာအသင်းကိုအရေးနိမ့်နိုင်ပါတယ်။ သာမန်ပွဲကစားချိန်မိနစ် ၉၀ ပြည့်တဲ့ အထိဂိုးမရှိ သရေရလဒ်ဖြစ်နေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ကိုလံဘီယာအသင်းကသွင်းဂိုး ၄-၂ ရလဒ် နဲ့နိုင်ခဲ့တာပါ။ ကိုလံဘီယာအသင်းက ပင်နယ်တီကန်သွင်းခဲ့တဲ့ ဇာပါတာ၊ ဆန်းချက်ဇ်၊ မီနာ၊ဘော်ဂျာတို့၄ဦးစလုံး ဂိုးဝင််ခဲ့ကြပြီး ဥရုဂွေး အသင်းဘက်ကတော့ကာဗာနီနဲ့ဆွာရက်ဇ်တို့သာဂိုးဝင်ခဲ့ကာဂျီမီနက်ဇ်နဲ့ ဗီစီနိုတို့ရဲ့ ကန်သွင်းချက်တွေကိုတော့ ကိုလံဘီယာဂိုး သမားအော့စ်ပီနာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ကိုလံဘီယာ အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာအာဂျင်တီးနားအသင်းနဲ့ရင်ဆိုင် ကစားရမှာပါ။                                                                           (SO)






အခြားဆက်စပ်သတင်းများ