နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်

နေပြည်တော်၊  ဇူလိုင် ၄


ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့၌ ဆူပူ ဆန္ဒပြမှုများနှင့် အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် လူနေအိမ်များတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များ၌ နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အဆောက်အဦများ ပြန်လည် ပြုပြင်ခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ  ဘာသာရေးအဆောက်အဦ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၄၀ လုံး၊ နေအိမ် ၁၆ လုံး၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အဦ ၁ လုံးနှင့် နေအိမ် ၂၃ လုံးတို့ကို ပြန်လည်ပြုပြင်ပေးနိုင်ခဲ့သည်။


ထို့ပြင် အဆိုပါမြို့နယ်များအတွင်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘိလပ် မြေ ၂၆၀၀ အိတ်၊ သွပ် ၁၂၂၀ ချပ်နှင့် အုတ် ၆၆၀၀ လုံးတို့ကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူ များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                   ဆွေဦး






အခြားဆက်စပ်သတင်းများ