နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်မွန်အစွမ်းပြယူပေးခဲ့တဲ့ စပိန်ရဲ့ ဆီမီးအိပ်မက်

 ဇူလိုင် ၄


ဆွဇ်ဇာလန်က အသင်းလိုက်မာကျောတဲ့စိတ်ဓါတ်နဲ့စုဖွဲ့မှုကို ပြသသွားကာ စပိန်ကိုပင်နယ်တီအဆုံးအဖြတ်ယူရတဲ့အထိ ရောက်စေခဲ့ပါတယ်။ ဆွဇ်ဇာလန်ဂိုးသမား ဆိုမာဟာ အပိုင်ကန်သွင်း ချက်တွေကို ကာကွယ်ပြသွားခဲ့ပါတယ်။ စပိန်တို့ ကတော့ တစ်ဦးချင်းကောင်းစွာ ကစားနိုင်ပေမဲ့ ဘောလုံးက ကွင်းလယ်မှာသာရှိနေပြီး ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ပေးမဲ့ ကစားသမားမရှိ ဖြစ်နေပါ တယ်။


မိုရာတာနဲ့ မိုရီနိုတို့ကလည်း  အဆုံးသတ် မကောင်းတာကြောင့် လိုအပ်တဲ့ဂိုးတွေမရခဲ့ ပါဘူး။ စောစောစီးစီး ဂိုးရထားပေမယ့် ပထမ ပိုင်း ဆွဇ်ဇာလန် ကစားကွက်ပျက်နေတာကို အခွင့်အရေး မယူနိုင်ခဲ့ပါဘူး။ ဆွဇ်ဇာလန်ကတော့ ရှာကာ မပါနိုင်သလို အမ်ဘိုလိုလည်း နာသွား တာကြောင့် ရှိတဲ့လူနဲ့ ကြိုးစားကစားသွားနိုင် ပါတယ်။ 


ဆွစ်ဇာလန်ရဲ့ နောက်တန်းက စပိန်အားသန် နေတဲ့ တောင်ပံတွေကို အကောင်းဆုံးထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ  လာပေါ်တေး၊ ပေါလ်တောရက်စ်အတွဲရဲ့ နားလည်မှုအလွဲကနေ ရတဲ့ အခွင့်အရေးကို ရှာကွီရီက အဆုံးသတ်ပေး ခဲ့တာပါ။ အချိန်ပိုမှာတော့သူတို့ရဲ့တိုက်စစ်အားလုံးလဲပြီး အားကုန်တိုက်ခဲ့ပေမဲ့ မိုရီနိုက ဖြုန်းမြဲ ဖြစ်ခဲ့ပါတယ်။  ဆွဇ်ဇာလန်ဂိုးသမား                             ဆိုမာ လက်စွမ်းပြကာကွယ်သွားခဲ့လို့ ပင်နယ်တီ ထိရောက်ခဲ့ရတာပါ။ ပင်နယ်တီအဆုံးအဖြတ် မှာတော့ ၃-၁ ရလဒ် နဲ့ စပိန်တို့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ စပိန်-ဆွစ်ဇာလန် ပွဲအတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ ပင်နယ် တီ ၂ လုံး ကာကွယ်ပေးခဲ့တဲ့ စပိန်ဂိုးသမား အူနိုင်း ဆိုင်မွန်က ရရှိသွားခဲ့ပါတယ်။                                       (SO)






အခြားဆက်စပ်သတင်းများ