နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးယာဉ်တိုက်မိ

ရန်ကုန်၊  ဇူလိုင်  ၃


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင် ၁ ရက်၊ ညပိုင်းက  ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသားတစ်ဦး   ဒဏ်ရာရရှိသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန် ရှိသူများက  အချိန်နှင့်တစ်ပြေးညီသွား ရောက်၍       ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး  စောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။ 


အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ ဒဏ်ရာ ရရှိသွား ကြောင်း သိရသဖြင့် ကြက်ခြေနီ အသင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ် ဖွဲ့မှူးဦးနီထွန်းနှင့်စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၁)စီးဖြင့် အချိန်နှင့်တစ်ပြေးညီသွားရောက် ၍   ဒဏ်ရာရရှိသူအမျိုးသားတစ်ဦးကို မြောက်ဥက္ကလာပ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄) နာရီ လူနာတင်ယာဉ်ကား (၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိပြီး လစဉ် ၂၁ ရက်မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ် တွင်  ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှု  ပေးလျက်ရှိကြောင်း သိရသည်။                        

ထက်ဦးယံ






အခြားဆက်စပ်သတင်းများ