နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေး၊  ဇူလိုင် ၃


ဇူလိုင် ၂ ရက်၊ နံနက် ၈ နာရီအချိန် တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်၊ စကားအင်း-ပုလိပ်ကားလမ်းရှိ စကားအင်းအဝိုင်း၌  လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် စကား အင်းဘက်မှ ပုလိပ်မြို့ဘက်သို့ အောင် မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်ကွက် နေ  ဇင်မောင်မောင်ကျော် (၂၀)နှစ်(ဘ)  ဦးကျော်မောင်    မောင်းနှင်သောဆိုင် ကယ်တစ်စီးနှင့် အမျိုးသား ၂ ဦး (စိစစ်ဆဲ)     မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးတို့ကို    စစ်ဆေးရန် ရပ်တန့်ခိုင်းရာ    မောင်းနှင်ထွက်ပြေးသွား သဖြင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ အမျိုးသား ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ပစ် ဗုံးတစ်လုံးဖြင့်    ပစ်ပေါက်ခဲ့၍ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ    လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး ၏  ယာဒူးတွင်ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဇင်မောင်မောင်ကျော် မောင်းနှင်သော ဆိုင်ကယ်ကို တားဆီး ဖမ်းဆီးရရှိခဲ့ သဖြင့် စစ်ဆေးခဲ့ရာ ယင်း မောင်းနှင်လာ သော  ဆိုင်ကယ်တူး ဘောက်အတွင်းမှ တရုတ်နိုင်ငံလုပ်   လက်ပစ် ဗုံး ၂ လုံး၊ လက်လုပ်ဗုံးတစ်လုံး၊  အရှည်  ၁  ပေခန့် ရှိ   ဓားမြှောင်တစ်ချောင်းတို့   နှင့်အတူ  ဖမ်းဆီးရရှိခဲ့ကြောင်း  သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ