နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မိဘရိပ်သစ်ဆိုင်အတွင်းဝင်ရောက် ရွှေထည်ပစ္စည်းနှင့် ငွေသာများယူ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခဲ့သူများ ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊  ဇူလိုင် ၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀/က)ရပ်ကွက်၊ လှော်ကားလမ်းမကြီးပေါ်ရှိ မိဘရိပ်သစ် ဆိုင်အတွင်းသို့ မတ် ၂၇ ရက်တွင် မျိုးသိန်းထွန်း(ဘ)ဦးကျော်ထွန်း အပါ အဝင် (၃၂) ဦးတို့က  ဝင်ရောက်၍ ဆိုင်အတွင်း    တပ်ဆင်ထားသော CCTV ကင်မရာများနှင့် ခြံတံခါးများကို ဖျက်ဆီးပြီး ရုံးခန်းအတွင်းမှ  Iphone 12 Promax (၂)လုံး၊ Pad 12 (၁)လုံး၊ ငွေကျပ် သိန်း(၁၅၀)၊ CCTV မှတ်တမ်း Box၊ ရွှေတုံး/ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာ(၂၀)ကျပ်သား၊ ဘဏ်စာအုပ်(၃)အုပ်တို့ကိုလည်းကောင်း၊ အိမ်တွင် တပ်ဆင်ထားသော TV (၆)လုံးနှင့် Felling-125 ဆိုင်ကယ် (၁)စီးတို့ကို လည်းကောင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း (၄၁၆၁)သိန်းခန့် တို့ကို လုယက်ခဲ့ခြင်းနှင့် ဆိုင်အတွင်းရပ် ထားသည့် မော်တော်ယာဉ် (၂)စီးတို့ ကို ရိုက်ချိုးဖျက်ဆီး၍ လမ်းမပေါ်တွင် မီးရှိုခဲ့ကြခြင်းတို့ကို ကျူးလွန်ခဲ့သည့်အ တွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ရာဇသတ်ကြီး ပုဒ်မ -၃၉၅ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၅ တို့အရ ၎င်း တို့အား ဇူလိုင် ၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို  ချမှတ် လိုက်သည်။


အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများ အနက် အောင်ကိုဦး၊ ကျော်ကိုထက်၊ ထင်ကျော်(ခ)ဖက်တီး၊ ငထွန်း၊ ဟိန်း ကို၊ ရဲကို၊ မတင်ထွေးရီ၊ ကိုဇင်(ခ)ကြွက်ကုလား၊ ဦးဘို၊ ကျားဘန်းနူး၊ မွတ်နား(ခ) မုနား၊ ငတေ၊ အရှည်ကြီး၊ ဆီနီဂေါ၊   ဝင်းနိုင်၊   နေလင်းဦး၊ အသေးလေး၊  ဝေယံ၊  မဲကြီး၊  သူရအောင်၊ ထိန်လင်းအောင်၊ ကုလား၊ လွင်မိုးဦး၊ နိုင်လေး(ခ)နိုင်လင်းနှင့် ဒေါ်လေးလေး တို့သည်  ထွက်ပြေးလွတ်မြောက်နေ သဖြင့် ယင်းတို့နှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ