နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီပဲယင်းမြို့နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အကြမ်းဖက်သူများ ထိတွေ့မှုဖြစ်

ဒီပဲယင်း၊  ဇူလိုင် ၃


ဇူလိုင် ၂ ရက်၊  ညနေ ၆ နာရီခွဲခန့်တွင် ဒီပဲယင်းမြို့၊  ကျွန်းတောကျေးရွာ၏ အရှေ့ဘက် မီတာ ၉၀၀ ခန့် အကွာ အရောက်တွင်  အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က လက်နက်ငယ်၊ တူမီး သေနတ်များဖြင့်  စောင့်ကြိုပစ်ခတ် လာခဲ့သဖြင့်   အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး   ည ၇ နာရီခန့်တွင် အကြမ်းဖက်သူများသည် ကျွန်းတော ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။


ဖြစ်စဉ်ဖြစ်ပွားရာ ပတ်ဝန်းကျင် တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက် သူ အမျိုးသားအလောင်း ၉ လောင်းကို တူမီးသေနတ် ၁၉ လက်၊ လက်လုပ်စိန် ပြောင်း ၂ လက်၊   လက်လုပ်ပစ္စတို တစ်လက်တို့နှင့်အတူ သိမ်းဆည်းရမိ ခဲ့သည်။


ဖြစ်စဉ်တွင်  လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်း ဖက်သူအချို့ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  အများ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေး တို့အတွက် ရပ်ရွာလုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။         

                          ဆွေဦး






အခြားဆက်စပ်သတင်းများ