နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊  ဇူလိုင် ၁


နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လို သော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများကို လုပ်ဆောင်လျက်ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဧရာ၀တီ တိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီး ကျိုက်လတ်-ဖျာပုံ ကားလမ်း၏ ဝဲဘက်ဘေး၌ လည်း ကောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီး ကျိုက်လတ်- ဖျာပုံကားလမ်း၏ ယာဘက်ဘေး၌ လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်၊ (၄)လမ်းနှင့် (၅)လမ်းကြားရှိ မြို့နယ် ပညာရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုး အတွင်း၌လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာအသီးသီး၌ လက်လုပ် ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


အလားတူ ဇွန် ၃၀ ရက်၊ နံနက် ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် အဆိုပါ ကျောင်းဝင် ပေါက် ဝဲဘက်ခြမ်း အုတ်တံတိုင်း အောက်ခြေ ၁ ပေကျော်ခန့် ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။                                                      ဆွေဦး






အခြားဆက်စပ်သတင်းများ