နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူသတ်မှုကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊  ဇူလိုင် ၁


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊     အမှတ် (၈) ရပ်ကွက်၊ အောင်သပြေ (၁)လမ်းနေ သက်ထွန်း(ခ)လင်းလင်း(ခ) ဘယ်လေး (ဘ) ဦးတင်ရွှေသည် မတ် ၁၄ ရက်မှ မတ် ၁၅ ရက်အထိ  ကာလအတွင်း ဟန်ဦး၊ နွယ်ထွန်း၊ ဖိုးသင်္ကြန်၊    ကြံ့ကြီး  (ခ) ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင် (ခ) ဘိုထွန်း(ခ) ဂျပန်ကြီး(ခ)ဝင်းနိုင်တို့ ခေါင်းဆောင်သည့်လူစုနှင့်အတူ အဆို ပါရပ်ကွက်၊   အောင်ရတနာ လမ်း နေ ဦးသန်းဦး(ခ)  ဦးမြင့်ဌေးနှင့်   ဦးမြသန်း(ခ)  စွန်ရဲတို့ကို ဒလန်သတင်း ပေး ဟု  စွပ်စွဲပြောဆိုခြိမ်းခြောက်၍  တုတ်၊ ဓား၊ သံ တုတ်များဖြင့် ရိုက် နှက်ခြင်း၊ အုတ်ခဲကျိုးများဖြင့် ပစ် ပေါက်ခြင်းများပြုလုပ်ခဲ့ကြပြီး လမ်း ဘေးတွင်ရှိသော     တာယာကွင်း အဟောင်း များပေါ်တင်၍ ဓာတ်ဆီဖျန်းမီးရှို့ သတ်ဖြတ်ခဲ့ကြသည့်    ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်အတွက် စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ် ကြီး ပုဒ်မ - ၃၀၂(၂)/၁၁၄ အရ ၎င်းအား ဇွန် ၂၉ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။


ထို့ပြင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ အမှတ်(၅)ရပ်ကွက်၊ သုဓမ္မာလမ်း၌ ဦးမျိုးညွန့်အောင် အား မေ ၃၀ ရက် ည ၇ နာရီခွဲခန့်တွင် သီဟ(ဘ)ဦးမြင့်သိန်းက ဒလန်ဟု စွပ်စွဲခြိမ်းခြောက်ကာ အသင့် ပါလာသည့်   စတီးခေါက်ဓားဖြင့် ဦးမျိုးညွန့်အောင်ကို ထိုးခဲ့သည့်အတွက် ဦးမျိုးညွန့်အောင်တွင် ထိခိုက်ဒဏ်ရာရ ရှိခဲ့သည့်အပေါ် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၇ အရ ယင်းကို ဇွန် ၂၉ ရက်တွင် “ အလုပ် နှင့် ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ