နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဖိနပ်အောက်ခံဆိုးပြားစက်ရုံ မီးရှို့ဖျက်ဆီးခဲ့မှုတွင် ပါဝင်သူ ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊  ဇွန် ၃၀


ဇွန် ၂၈ ရက်၊ ည ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်း(၂၂)၊ အလယ်ကျေးရွာ၊ ဦးဖိုးလှိုင်လမ်းနှင့် ဦးရွှေဘင်လမ်းထောင့် အကွက်အမှတ် (၂၀)ရှိ Myanmar Rong Wie New ဖိနပ်အောက်ခံဆိုးပြားစက်ရုံကို မတ် ၁၄ ရက်၊    ညနေ ၄ နာရီခန့်တွင် အောင်ဇော်လင်း(ဘ)ဦးဇော်ဇော် အပါ အဝင်(၂၁)ဦးတို့နှင့်အတူ မီးစာပါသည့် ဓာတ်ဆီပုလင်းများနှင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးဖြင့် အကျိုး ဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ရာဇသတ်ကြီးပုဒ်မ -၄၃၆ အရ ယင်းတို့ကို မေ ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ် ပြီးဖြစ်သည်။


အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများ အနက် ထွက်ပြေးလွတ်မြောက်နေသဖြင့် ယင်းတို့နှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့် ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်း ဝရမ်း   ထုတ်ထားသူများအနက်မှ အောင်ဆန်းလင်း (ခ)အောင်ဆန်းမြင့် (ဘ)ဦးအောင်သူကို ဖမ်ဆီးရမိခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law)စစ် ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ အရ ယင်းကို ဇွန် ၂၈ ရက်တွင် “အလုပ် နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ကို ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ