နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများ ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်၊  ဇွန် ၃၀


ဇွန်လ ၂၉ ရက်၊ နံနက် ၉ နာရီခွဲ ခန့်တွင်       ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(မြောက်) ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၃၁၃-စီ)  ၄ လွှာ ထက်အောင်ရှိန် (ခ) ဇာဏီထွန်း (၂၉)နှစ်၏နေအိမ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စစ်ဆေးခဲ့ရာ CCI STANDARD VELOCITY 22LR တံဆိပ်ပါ အပြာရောင် စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည်ဆံ ၅၀ တောင့်ပါ ၄ ဘူး၊ သံဘောစေ့ ၄၅၀ လုံးနှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အလားတူ ဇွန် ၂၈ ရက်၊ နံနက် ၂ နာရီခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅/၈) ရပ်ကွက်နေ ပြောင် ကြီး(ခ) ခင်မောင်ထွေး(ခ) ချစ်မင်းနှင့် ရန်နိုင်စိုးတို့ ၂ ဦး၏ နေအိမ်သို့ သွား ရောက် ဖမ်းဆီးခဲ့ရာ ပြောင်ကြီး (ခ) ခင်မောင်ထွေး (ခ) ချစ်မင်းကို ၎င်း ၏နေအိမ်အတွင်းမှ အကြမ်းဖက်တိုက် ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နံနက် ၄ နာရီခန့်တွင်  ရန်နိုင်စိုး၏ နေအိမ်သို့သွားရောက် ရှာဖွေခဲ့ရာ ယင်း ကို နေအိမ်၌မတွေ့ရဘဲ နေအိမ်အတွင်း မှ ပွိုင့် 45 Auto ကျည် ၁၆ တောင့်၊ ပွိုင့် 45 4CP ကျည် ၄ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ ဆက်လက်၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် ပြောင်ကြီး (ခ) ခင်မောင်ထွေး(ခ)ချစ်မင်း၏ ထွက်ဆို ချက်အရ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)နေ ကိုလင်း(စိစစ်ဆဲ) ပိုင်ဆိုင်သော Lucky 7 KTV သို့ သွား ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရဘဲ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး ၂ လုံးအား သိမ်းဆည်းရမိကြောင်း သိရသည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ