နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးစာပို့ရထားကို အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲ

ရေတာရှည်၊  ဇွန်  ၃၀


ဇွန် ၂၈ ရက်၊ ည ၉ နာရီအချိန် တွင် ရန်ကုန်မှ မန္တလေးသို့ စက်ခေါင်း အမှတ် DF----- အမှတ်(၁) အဆန် စာပို့ရထားကို     စက်ခေါင်းမောင်း ဦးအောင်မြင့်သိန်းနှင့်  အကူစက်ခေါင်း မောင်း ဦးသက်ဟိန်းတို့ မောင်းနှင်လာ စဉ် ပဲခူးတိုင်းဒေသကြီး၊  ရေတာရှည် မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရထားသံ လမ်းမိုင်တိုင်အမှတ် ၂၀၅/ ၁၄ နှင့် ၅ အကြား ရေနီဘူတာ အဝင်တံတား အမှတ် ၃၃၈ အား ဖြတ်သန်းမောင်းနှင် စဉ် ရထားသံလမ်းပေါ်မှ မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံ ရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က   သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ    မိုင်းပေါက်ကွဲမှုကြောင့် မီးရထားစက်ခေါင်း ဝဲဘက်မှန်တစ်ချပ် ကွဲအက် ပျက်စီးကာ၊ မီးရထားသံလမ်းရှိ တံတားအုတ်ခုံပေါင်တွင် အရှည် ၂ ပေ၊ အနံ ၈ လက်မခန့်ပျက်စီးခဲ့ပြီး လူထိခိုက် မှုမရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မိုင်းပေါက်ကွဲ သည့်နေရာအား စစ်ဆေးခဲ့ရာ တံတားအောက်ခြေမှ မိုင်း ထောင်ဖောက်ခွဲရာတွင် အသုံးပြုခဲ့သည့် ဝါယာကြိုးကိုက် ၄၀ ခန့်၊ မီးတိပ်တစ်ခွေ၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ