နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီနှင့် ဘုတ်ပြင်းမြို့ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြဝတီ၊  ဇွန် ၂၉


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက်၊ မွန်းလွဲ ၃ နာရီတွင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်နေ သန်းဝင်း(ခ)မျက်မှန်၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၇၄၀ သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ          ည နေ ၄ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် နန္ဒသူရိယလမ်းအနီးတွင် စိုင်း အောင်ဆာကို ဆိုင်ကယ်တစ်စီး၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၅၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ညနေ ၅ နာရီတွင် ၎င်းနေထိုင်သည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ် ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၈၂၇၅၀ ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယင်းနေ့နံနက် ၁၀ နာရီ၊ မိနစ်၂၀ တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေး ရွာအုပ်စု ထင်းမယ်ကျေးရွာအနီးတွင် အောင်ငယ်ကြီး(ခ)အောင်ငယ် မောင်း နှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ အိုက်စ် တစ်ကီလိုကို လည်းကောင်း သိမ်းဆည်းရမိသဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                                    ဆွေဦး






အခြားဆက်စပ်သတင်းများ