နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ လက်နက်၊ ပစ္စည်း ကိရိယာများ သိမ်းဆည်း ရမိ

သထုံ၊  ဇွန် ၂၉


ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စစ်တောင်းတံတားအသစ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က မော်တော်ယာဉ်များကို စစ်ဆေးနေ စဉ် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက် သို့ အင်းစိန်မြို့နယ်၊ ဖော့ကန်ကျေးရွာ နေ ဇော်ဇော်အောင်(၃၅)နှစ် (ဘ) ဦး သန်းဌေး မောင်းနှင်ပြီး ဦးကျော်လွင် (၄၅)နှစ် လိုက်ပါလာသော YGN 6C/3110  Hyundia ခရီးသည်တင် မှန်လုံယာဉ်ကိုစစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော "စည်သူ" အမည်ပါ ကတ်ထူပုံးအတွင်း မှ ပစ္စတိုသေနတ်တစ်လက်၊ လေ သေနတ် ၄ လက်၊ ပွိုင့် ၃၈ ကျည် ၁၀၀ တောင့်နှင့် ဆက်စပ်ပစ္စည်များကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ကျေးရွာရှိ ရွှေဘုံသာဘုန်းကြီးကျောင်း၌ ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘုန်းကြီး ကျောင်းဝင်း အနောက်ဘက်ရှိ သီလ ရှင်အဆောင်ဟောင်းအတွင်းမှ အဆိုပါ ကျေးရွာနေ မင်းကိုနိုင် (၃၄)နှစ် (ဘ)ဦးဝမ်းအား တောစီးလည်တိုဖိနပ် ၉ ရံ၊ မီးသတ်ဆေးဘူးအခွံ ၂ ဘူး၊ လက်ကိုင်စကားပြောစက် ၃ လုံး၊ အားသွင်းခုံ ၄ ခု၊ ပြုလုပ်ဆဲသေနတ် သစ်သားကိုယ်ထည်တစ်ခု၊ အပစ် ခလုတ် ၃ ခု၊ စတီးဘောစေ့ ၂၅ နှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။                     

ဆွေဦး






အခြားဆက်စပ်သတင်းများ