နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေသခံတိုင်းရင်းသား ပြည်သူများ SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့က လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

နမ့်ခမ်း၊  ဇွန် ၂၉


ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံတိုင်းရင်းသားပြည်သူများသည် ယင်းတို့ နယ်မြေအတွင်း SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့အား မလိုလား ကြောင်း ဇွန် ၂၈ ရက်၊ နေ့လယ် ပိုင်းတွင် အမှတ်(၅)ရပ်ကွက်၊ ပန်ပွဲကွင်းမှ ငြိမ်းချမ်းစွာလှည့်လည် ဆန္ဒထုတ်ဖော်စဉ် မြို့မဈေးအနီး သို့အရောက်၌ SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့မှ အမျိုးသား ၂ ဦး ဆိုင်ကယ် ဖြင့်ရောက်ရှိလာပြီး ဆန္ဒပြစုဝေးနေသူ များအား ပစ္စတိုသေနတ်ဖြင့် ၃ ချက် ပစ်ခတ်ပြီး လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအနက် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၅ ဦး မိုင်းစထိမှန် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နေရာသို့ လုံခြံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ယင်းနေရာ အနီးတစ်ဝိုက်မှ Glock ပစ္စတို ၁ လက်၊ ယင်းကျည်အိမ် တစ်ခု၊ ကျည် ၁၂ တောင့်နှင့် လက်ပစ်ဗုံး ၄ လုံးတို့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။


ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။  

  ဆွေဦး






အခြားဆက်စပ်သတင်းများ