နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂုတ်တွင်းလမ်းအဆင်းကွေ့ တွဲယာဉ်တစ်စီး တိမ်းမှောက်

ဂုတ်တွင်း၊  ဇွန် ၂၉


မန္တလေး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းကား လမ်း ခြောက်ထပ်ကွေ့တွင် ဇွန် ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်က အဆင်း ကုန်တင်တွဲယာဉ်တစ်စီး တိမ်းမှောက် မှု ဖြစ်ပွားပြီး အတက်၊ အဆင်း ယာဉ် များ ယာယီလမ်းကြောပိတ်သွားခဲ့ရ ကြောင်း သိရသည်။

အဆိုပါ ကုန်တင်တွဲယာဉ်တိမ်း မှောက်ရာသို့ တာဝန်ရှိသူများ ရောက်ရှိ ပြီး တွဲယာဉ်ပေါ်မှ ကုန်ပစ္စည်းများရွှေ့ ပြောင်းပေးခြင်းနှင့် လမ်းပြန်ပွင့်ရန် အတွက် တိမ်းမှောက်နေသော တွဲယာဉ် ကို ကရိန်းယာဉ်ဖြင့် လမ်းဘေးသို့ ဖယ်ရှား ရှင်းလင်းပေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ မွန်းလွဲ ၁ နာရီခန့်တွင် လမ်းပြန်ပွင့်သွား၍ အတက်၊ အဆင်း ယာဉ်များကို စနစ်တကျ စေလွှတ်ပေး ခဲ့ပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ