နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူ့ရဲ့ ဂိုးသွင်းစံချိန်တွေ နေမာကို ချိုးဖျက်စေချင်နေတဲ့ ဘရာဇီးဂန္ထဝင်ကစားသမားကြီး ပီလီ

 ဇွန် ၂၉


ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ကိုပါအမေရိကပွဲအဖြစ် ပီရူးနဲ့ပွဲတွင် ဂိုးသွင်းယူပြီးနောက်   ဘရာဇီးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ ပီလီရဲ့စံချိန်အား လိုက်မီရန် ၉ ဂိုး သာလိုအပ်ပါတော့တယ်။ 


နေမာဟာ ပီရူးကို ၄ ဂိုးပြတ် အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းယူပြီးနောက် မျက်ရည်ကျလုနီးပါးဖြစ်ခဲ့ပြီး  နိုင်ငံ အတွက် ပေးဆပ်လိုစိတ်  မြင့်မားခဲ့ ကြောင်း တွေ့ခဲ့ရပါတယ်။ ပီလီအနေနဲ့ နေမာရဲ့ ပြုံးပျော်နေတဲ့ ပုံရိပ်တွေ့ရတာ “ဝမ်းသာကြောင်း ဆိုပါတယ်။ အချိန် တိုင်း ဒီကောင်လေးကို မြင်ရတဲ့အခါ မှာ သူက အမြဲပြုံးနေပါတယ်။ ဒီလို အပြုံးကို နောက်တစ်ခါမတွေ့ရဖို့ဆို တာ မဖြစ်နိုင်ပါဘူး။ ဒီအကျင့်က တစ်ယောက်နဲ့ တစ်ယောက်ကူးစက် တတ်ပါတယ်။ ကျွန်တော် ဘရာဇီး ကစားသမားတွေအားလုံး နှစ်သက် ပါတယ်။ သူကစားတာ မြင်ရတဲ့ အခါတိုင်းလည်း ကျွန်တော်အမြဲ ပျော်ပါတယ်။ ဒီနေ့မှာကျွန်တော် ရဲ့ ဘရာဇီးအတွက် တင်ထားတဲ့ စံချိန်ကိုမီဖို့ သူနောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ကတော့ သူ စံချိန်ကို ချိုးဖြတ်စေချင် ပါတယ်။ သူကစားတာ ပထမဆုံး မြင်ရကတည်းက   ကျွန်တော်ရခဲ့ တဲ့  ပျော်ရွှင်မှုမျိုးတွေ့ရပါတယ်”ဟု ပြောကြားခဲ့သည်။ 


လက်ရှိ  ဘရာဇီးလက်ရွေးစင် အသင်းတွင် နေမာ ပုံစံကောင်းတွေ ရရှိနေပြီး   ဂိုးတွေဆက်တိုက် သွင်း နေကာ ၁၀၇ ပွဲမှာ ၆၈ ဂိုးသွင်း ယူထားပါတယ်။ ဒါ့အပြင် အသက် ၂၉ နှစ် အရွယ်သာ ရှိသေးတာမို့ နေမာ အနေနဲ့ပီလီစံချိန်ကို အနှေးနဲ့ အမြန်ချိုးဖျက်နိုင်ဖို့  အလားအလာ များနေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ