နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာအောင်မြေနှင့် မြန်အောင်မြို့နယ်လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

မန္တလေး၊  ဇွန် ၂၈ ရက်


ဇွန် ၂၆ ရက်၊ ည ၈ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ မဟာနွယ်စဉ် ရပ်ကွက်၊ ၇၁ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(က/၇၂)နေ မျိုးဇာနည်(၃၈)နှစ်၊ (ဘ) ဦးမောင်မောင်၏ နေအိမ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်နေ ကြောင်းသတင်းအရ  လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေအိမ်အတွင်းမှ မျိုးဇာနည်နှင့်အတူ  မဟာအောင်မြေမြို့နယ်၊ မြောက်ပြင် ထားဝယ်ရပ်နေ အောင်စိုးထိုက်(၂၆)နှစ် (ဘ)ဦးစိုးမြင့်၊ မိုးမင်းသူ (ခ) မိုးကြီး၊ မိုးစက်(ခ) ပြည့်ဖြိုးအောင်နှင့် မအင်ကြင်းခိုင်တို့ ၄ ဦးတို့ကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ကျည်ကာအင်္ကျီ ၁၀ ထည်၊ လက်လုပ်သေနတ် ၂ လက်၊ ယင်းကျည် ၄ တောင့်၊ လက်လုပ် Gas သေနတ် ၁ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၅၉ လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အလားတူ ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် နေ ကျော်ဝင်း(၆၇)နှစ် (ဘ) ဦးရွှေ၏ နေအိမ်အား သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းကိုနေအိမ်အတွင်းမှ လက်လုပ် လေသေနတ်တစ်လက်၊ ဆိုင်ကယ် စမုတ်တံထည့်၍ ပစ်ခတ်ရသော ဒူးလေးတစ်လက်၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ