နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့နယ် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မြဝတီ၊  ဇွန် ၂၈


ဇွန် ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲ ခန့်တွင်ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၁)လမ်းရှိ ပိုင်ရှင်(စိစစ်ဆဲ)၏ ၅ ထပ်တိုက်အပေါ် ဆုံးထပ်၌ အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်သူများ ရောက်ရှိနေထိုင်လျက် ရှိကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အခန်းအတွင်းမှ မြဝတီမြို့နယ်၊ ထိဝါလောကျေးရွာနေကောင်းမြတ်သူ (၃၅)နှစ်(ဘ)ဦးခွေးကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန ရပ်ကွက်နေ ရွှေစိုး(၃၂)နှစ်(ဘ)ဦး သိန်းထွန်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကံ့ကော်ရပ်ကွက်နေ ရန်လင်းအောင် (၂၄) နှစ် (ဘ) ဦးစန်ခမ်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ နန္ဒစိုး(၃၁)နှစ် (ဘ)ဦးညိုမောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်နေ မနှင်း ရီရီလွင် (၂၄)နှစ် (ဘ)ဦးကျော်မြင့်နှင့် ကမာရွတ်မြို့နယ်၊ မဟာဘောဂ(၂)လမ်းနေ မနှင်းနုထား (၃၂)နှစ်တို့ ၆ ဦးကို LUGER ပစ္စတိုသေနတ် တစ်လက်၊ ယင်းကျည် ၁၉ တောင့်၊ ဖုန်းဖြင့်တွဲလျက် လက်လုပ်မိုင်း ၂ လုံး၊ ဒရုန်း ၃ ခု၊ လက်ကိုင်ဖုန်း ၆ လုံး၊ အခြား ဆက်စပ်ပစ္စည်းများတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဇွန်၂၆ရက်နံနက် ၁၁ နာရီခွဲခန့်တွင် ငဖဲမြို့နယ်၊ မြို့မရပ်ကွက်ရှိ      ဦးမောင် မောင်လွင်(ခ)ကိုပေါက် (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိသည့် နေအိမ်၌         လက်လုပ်ဗုံးများပြုလုပ်နေ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ  နေအိမ်အတွင်းမှ လက်လုပ် မိုင်း ၂၁ လုံး၊  လက်လုပ်ကျည်ဆံ ၁၃ တောင့်၊ အရှည် ၁၅၀ ပေခန့်ရှိ ယမ်းကြိုးတစ်ခွေ၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများကို  သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။                    

 ဆွေဦး






အခြားဆက်စပ်သတင်းများ