နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘတ်ပေကို ရီးရဲလ်နဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ လီဗာပူးလ်

 ဇွန် ၂၈


လီဗာပူးလ်အသင်းဟာ အခုနွေ ရာသီ အပြောင်းအရွှေ့မှာ ဘတ်ပေကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းထံ ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြ  ထားပါတယ်။   ပီအက်စ်ဂျီနဲ့ချုပ် ဆိုထားတဲ့ စာချုပ်ဟာ (၁၂) လသာ ကျန်ရှိတော့ ဘတ်ပေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေတာဖြစ်ပါတယ်။ 


ရီးရဲလ်အသင်းဟာ ဘတ်ပေကို ယူရိုပြိုင်ပွဲအပြီးမှာခေါ်ယူဖို့ ပြင်ဆင် နေတာပါ။ လီဗာပူးလ်အသင်းကလည်း ပြီးခဲ့တဲ့ (၁၂) လအတွင်း ပြင်သစ် ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်မှု တွေရှိခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ အသက် ၂၂ နှစ်အရွယ်ရှိ ဘတ်ပေကိုခေါ်ယူဖို့  ပီအက်စ်ဂျီအသင်း ထံ စုံစမ်းမှုပြုလုပ်ခဲ့တယ်လို့ မာကာ သတင်းရဲ့ဖော်ပြချက်မှာ တွေ့ခဲ့ရပါ တယ်။ ဒါပေမယ့် ဘတ်ပေကတော့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေတယ်လို့ကြား သိရပါတယ်။ 


အဲ့ဒါကြောင့် ကစားသမားဟာ ရီးရဲလ်အသင်းကို အခုနွေရာသီ အပြောင်း အရွှေ့ ဒါမှမဟုတ် အလွတ်နဲ့ရမယ့်  လာမယ့်နှစ်ရာသီမတိုင်ခင် ခေါ်ယူဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့  ကတော့ ဘတ်ပေကို ခေါ်ယူဖို့  မပြုလုပ်ခင် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချသွားရမှာလည်း ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ