နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရိသတ်များ ဆန့်ကျင်နေတဲ့ကြား အဲဗာတန် ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ်ခန့်‌

ဇွန် ၂၇


အဲဗာတန်ဟာလာမယ့် တနင်္လာနေ့မှာ  ရာဖေးလ်ဘင်နီတက်ဇ် ကို နည်းပြသစ်အဖြစ်  ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အဲဗာတန်ပိုင်ရှင်ဖြစ်သူမိုရှီရီအား  သူငယ်ချင်းဖြစ်သူ အလီရှာအူစ မန်နော့ဗ်က အန်ဆယ်လော့တီရဲ့နေရာတွင် ဆက်ခံ မယ့်နည်းပြအဖြစ် လီဗာပူးနည်းပြဟောင်းရာဖေးဘင်နီတက်ဇ်ကို ခန့်အပ်သင့်ကြောင်း အကြံပေးခဲ့တာကြောင့်လည်း အဲဗာတန်တို့ဘင်နီတက်ဇ်ကို ခန့်အပ် မှာဖြစ်ပါတယ်။ အဲဗာတန်ပရိသတ်တွေကတော့ မြို့ခံပြိုင်ဘက်လီဗာပူးအသင်းကိုင်တွယ်ခဲ့ဖူးခြင်းကြောင့် ဘင်နီတက်ဇ်အားမခန့် အပ်ရန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့အပြင်ဘင်နီတက်ဇ်ဟာလီဗာပူးကို ကိုင်တွယ်တုန်းက အဲဗာတန်ကို ကလပ်ငယ်လေးတစ်ခုလို့ပြောကြားခဲ့ဖူးပါသေးတယ်။ တကယ်လို့များ ဘင်နီတက်ဇ်သာခန့်အပ်ခြင်းခံရပါ က အဲဗာတန်အသင်းမှာ ပိုင်ရှင်မိုရှီရီရဲ့  လက်အောက်တွင် ငါးဦး မြောက် နည်းပြအပြောင်းအလဲလုပ်မှုဖြစ်လာပါမယ်။  ရီးရဲလ် မက်ဒရစ် နည်းပြဟောင်းဘင်နီတက်ဇ်ဟာ  ၂၀၀၅ ခုနှစ်တုန်းက လီဗာပူးကို ချန်ပီယံလိဂ် ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့ဖူးတဲ့ အပြင် ၂၀၁၃ ခုနှစ်တုန်းက ချဲလ်ဆီးကို ယူရိုပါလိဂ်ဖလားရရှိအောင် ဦးဆောင်ခဲ့ဖူးပါတယ်။ တစ်ဖက်တွင် လီဗာပူးပရိသတ်များကလည်း အဲဗာတန်ကိုကိုင်တွယ်ပါက ဘင်နီတက်ဇ်ကိုကလပ်ရဲ့ဂန္ထဝင်နည်းပြအဖြစ်သတ်မှတ်တော့မှာမဟုတ်ကြောင်းဆိုထားကြပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ