နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရန်ကုန် ဇွန် ၂၆


 ၂၀၂၁ ခုနှစ်   (၃၄)ကြိမ် မြောက်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်     ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား နှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များ     မီးရှို့ဖျက်ဆီးခြင်းကို ဇွန် ၂၆ ရက်  နံနက် ၆ နာရီ၌ လှိုင်သာယာ   (အနောက်ပိုင်း) မြို့နယ်၊   စည်ပင်သာယာရေး ကော်မတီ၊  ဒဂုံ-ဧရာ ရန်ကုန် အနောက်ပိုင်း ကုန်တင်ယာဉ်  ရပ်နားကွင်းတွင် ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ  ဦးလှစိုးက  အဖွင့်အမှာ စကားပြောကြားသည်။


ထို့နောက်    ရန်ကုန်တိုင်း ဒေသကြီး     မူးယစ်ဆေးဝါးနှင့် စိတ်ကို     ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီး စီမံ အုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်   ဗိုလ်မှူးကြီး ဝင်းတင့်က   မူးယစ်ဆေးဝါးနှင့် စိတ်ကို    ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့  ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး       ဒုတိယ ဗိုလ်ချုပ်ကြီး      စိုးထွဋ်ထံမှ ပေးပို့သည့်    သဝဏ်လွှာကို ဖတ်ကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး  မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့   အတွင်းရေးမှူး   ရန်ကုန်တိုင်းဒေသကြီး    စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး   ရဲမှူးချုပ် မျိုးမင်းထိုက် က    ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များနှင့်   ဆက်စပ်ပစ္စည်းများ   မီးရှို့ဖျက်ဆီးခြင်းနှင့်  ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာ သည့်   ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့်     မူးယစ် ဆေးဝါးများနှင့်   ဆက်စပ်ပစ္စည်း များကို       စမ်းသပ်ကြည့်ရှု စစ်ဆေးသည်။    ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ်၊ ဘိန်းစာအမှုန့်၊ ဘိန်းစာ အရွက် ၊  ကတ်တမင်း၊ ဆိုဒီယမ် ဆာယာနိုက်၊  အမိုနီယမ်နိုက် ထရိတ်အပါအဝင်     မူးယစ် ဆေးဝါး အမယ်ပေါင်း ၂၅ မျိုးကို မီးရှို့ ဖျက်ဆီးခဲ့ကြသည်။


ယင်းနောက် အခမ်းအနား သို့    တက်ရောက်လာသည့် ပြည်ထဲရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး   ဒုတိယဗိုလ် ချုပ်ကြီး စိုးထွဋ်၊  ရန်ကုန်တိုင်း ဒေသကြီး    စီမံအုပ်ချုပ်ရေး ကောင်စီ   ဥက္ကဋ္ဌ   ဦးလှစိုးနှင့်  တက်ရောက်   လာသူများက မူးယစ်ဆေးဝါးများကို   စက် ခလုတ်နှိပ်၍   မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး ( ပြန် /ဆက် )






အခြားဆက်စပ်သတင်းများ