နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြစ်လမ်းမပေါ်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

ရန်ကုန်၊  ဇွန် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်နှင့် ၃ ရပ်ကွက် ကြားလှိုင်မြစ်လမ်းမပေါ် တွင် ယမန်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ပထမအကြိမ်မှာ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါ လမ်းမပေါ်ရှိ မြို့နယ် လ.ဝ.က ရုံးအနီး အမှိုက်ပုံးထဲမှ ပေါက်ကွဲပြီး နောက်ထပ် နာရီဝက်ခန့် အကြာတွင် ဒုတိယအကြိမ် ပေါက်ကွဲသံသုံးချက် ထပ်မံ ထွက်ပေါ်ခဲ့သည်။


အဆိုပါ ပေါက်ကွဲမှု ကြောင့် အနီးရှိအနှေးယာဉ် လုပ်သား တစ်ဦးထိခိုက် ဒဏ်ရာရရှိသည်။

ပေါက်ကွဲမှု ဖြစ်ပြီးပြီး ချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရပ်ကွက်နှစ်ခုအတွင်း ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ