နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့မှုနှင့် နိုင်ငံပိုင်အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတို့ကို ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊  ဇွန် ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်နေ သူဇာ(ခ) ရှမ်းမ(ဘ) ဦးစိုးမြင့်သည် ဖေဖော်ဝါရီ ၅ ရက်မှ ဧပြီ ၂၈ ရက် အထိ ကာလများအတွင်းခန့်တွင်  လှည်းကူးမြို့နယ်၊ ငါးဆူတောင် ကျေးရွာတစ်ဝိုက်ရှိ တောင်ကုန်းပေါ်၌ လူအင်အား ၃၀ ဦးခန့်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လုပ်ငန်းအဖွဲ့ကို အနိုင်ထက်ဖြစ်စေ၊ သောင်းကျန်းသော နည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန်(သို့မဟုတ်) ဖျက်ဆီးရန် သင်တန်း တက်ရောက်သင်ကြားခဲ့ သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) အရ ယင်းကို ဇွန် ၂၄ ရက် တွင် “အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်” အမိန့်ကို ချမှတ်လိုက်သည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မေသူ(ဘ) ဦးအောင်မြင့်နှင့် ရဲဆွေ (ဘ)ဦးချစ်ဆွေတို့သည် မီးရှို့ဖျက်ဆီး ခဲ့သဖြင့် ပြည်သူပိုင်ပစ္စည်းမှန်းသိပါ လျက်နှင့် ပြည်သူပိုင်ပစ္စည်းကို မီး ဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့ သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၆(၁) အရ ယင်းတို့အား ဇွန် ၂၄ ရက်တွင် “အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်” အမိန့်ချမှတ်လိုက်ကြောင်း သိရ သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများ အနက် ရဲဆွေ(ဘ)ဦးချစ်ဆွေသည် ထွက်ပြေး လွတ်မြောက်နေသဖြင့် ယင်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇/ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ