နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၅၀ ရပ်ကွက်တွင်မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊  ဇွန် ၂၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်   ဇွန် ၂၅ ရက်၊ နံနက် ၁၁ နာရီမိနစ် ၂၁ အချိန် ခန့်က  ၅၀ ရပ်ကွက် ဘုရင့်နောင်လမ်း၊ အမှတ် (၁၃၄၀)ရှိ အိမ်ရှင် ဦးကျော်ရှင်း၏ နေအိမ် RC သုံးထပ်၏ အပေါ်ထပ် ၈ ပေ ၁၀ ပေ လသာဆောင်တွင် မီးလောင်နေကြောင်း အရန်မီးသတ်ဒုတပ်ခွဲမှူးဦးသောင်းမြမှ ဖုန်းဖြင့် သတင်းပေးပို့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင် ဦးဆောင်၍ မီးငြှိမ်း သတ်ယာဉ်တစ်စီးဖြင့် နံနက် ၁၁ နာရီ ၂၄ မိနစ်အချိန်တွင် မီးငြှိမ်းသတ်ရန်ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၂၆ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုအား အနီးပတ်ဝန်းကျင်ရှိ ပြည်သူ များမှ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ရသည့်အကြောင်းရင်းမှ လသာဆောင်အတွင်းရှိ လျှပ်စစ်မီး ခလုတ်ခုံ အပူလွန်ကဲပြီး မီးပွားထွက်ရာမှ  အနီးရှိ ကျွန်းသစ်တို သစ်စများပေါ်သို့ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ 


မီးလောင်မှုကြောင့် လသာဆောင်အတွင်းရှိ ကျွန်းသစ် တိုသစ်စများ၊ လျှပ်စစ်မီးခလုတ်ခုံနှင့် ဝါယာကြိုးများ၊ အခန်းပင်မတံခါးမကြီးတို့ မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုး ကျပ်နှစ်သောင်းခန့်ရှိပြီး မီးလောင်မှုကြောင့် အိမ်ရှင် ဦးကျော်ရှင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့မရဲစခန်း မှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)






အခြားဆက်စပ်သတင်းများ