နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ Mytel တာဝါတိုင် အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီး

ကြာအင်းဆိပ်ကြီး၊  ဇွန် ၂၆


ဇွန် ၂၅ ရက်၊ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ထိမန်တိုကျေးရွာ၊ ကျုံခဝန် ကျေးရွာ၊ တောင်ဒီကျေးရွာနှင့် ဖားပြား ကျေးရွာတို့ရှိ Mytel ဆက်သွယ်ရေး တာဝါတိုင်များရှိ မီးစက်များ၊ တာဝါ တိုင်လိုင်းသွင်း ဆက်သွယ်ရေးဆက်စပ် ပစ္စည်းများနှင့် ဘက်ထရီအိုးများကို အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ အများပြည်သူများ ဆက်သွယ်ရေး ကောင်းမွန်စေရေး အတွက် စီစဉ်ဆောင်ရွက်ပေးထားရှိ သည့် ဆက်သွယ်ရေးတာဝါတိုင်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများကို စုံစမ်းဖော်ထုတ်၍ ဥပဒေ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ