နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းကင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

မင်းကင်း၊  ဇွန် ၂၆


၂၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် မြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် သံပေါက်ကျေးရွာ ၏ မြောက်ဘက် ၂ ဖာလုံခန့် အရောက် တွင် လက်နက်ကိုင်အကြမ်းဖက်သူ အင်အား ၂၀၀ ဦးခန့်မှ လမ်းဘေး တောင်ကုန်းများမှနေ၍ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်ဗုံးများဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက် ကိုင်အကြမ်းဖက်သူများမှာ လူစုခွဲ ဆုတ်ခွာထွက်သွားခဲ့သည်။


အကြမ်းဖက်သူများ ဆုတ်ခွာထွက် ပြေးသွားသည့်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေခဲ့ရာ တောင်ကုန်းများပေါ်မှ အကြမ်းဖက်သူ အမျိုးသားအချို့ကို ထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး ယင်းတို့အနီးမှ တူမီးသေနတ် ၉ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ သစ်သား သေနတ်ဒင် ၃ ခု၊ သေနတ်ပြောင်း ၄ ခု၊ ယမ်းမှုန့်များနှင့် ခဲသီးများကို   သိမ်း ဆည်းရခဲ့ကြောင်း သိရသည်။ 

    ဆွေဦး






အခြားဆက်စပ်သတင်းများ