နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြယ်ပွင့်ကစားသမားတွေ ဒဏ်ရာရသွားတာကြောင့် ပြင်သစ်အတွက် စိုးရိမ်စရာဖြစ်လာ‌

ဇွန် ၂၆


ပြင်သစ်အသင်းအတွက် စိုးရိမ်စရာ သတင်းကတော့ လေ့ကျင့်ရေးကွင်းမှာ သောမက်စ်လီမာနဲ့ မားကပ်စ်သူရမ်တို့ ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းပဲဖြစ် ပါတယ်။ ပြင်သစ်အသင်းရဲ့ ကြယ်ပွင့် ကစားသမားနှစ်ဦးဟာ ပေါ်တူဂီနဲ့၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ပြီးနောက် လေ့ကျင့် ခန်းအစီအစဉ်မှာ ဒဏ်ရာရခဲ့တာလို့သိရ ပါတယ်။ တော့တင်ဟမ် ပစ်မှတ် ကစား သမားမားကပ်စ်သူရမ်ဟာ  ဟန်ဂေရီ ဘူဒါပက်စ်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်အတွင်းမှာပင် နာကျင်နေတာ လို့သိခဲ့ရပါတယ်။ အက်သလက် တီကို ကြယ်ပွင့်ကစားသမား သောမက်စ်လီမာ ဟာလည်း ဒဏ်ရာရခဲ့ပြီးနောက် ခေါင်းကို ကိုင်ကာအခြား သူနှစ်ဦးကတွဲထုတ် သွားခဲ့ရပါတယ်။နည်းပြ ဒက်စ်ချမ့်အနေ နဲ့ ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ် မတိုင်ခင် အဆိုပါ ကစားသမားတွေ ဒဏ်ရာရခဲ့တဲ့ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။  ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီကလည်းဒူး ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားချန်ပီယံပြင်သစ်ဟာ ခံစစ်မှာ ဒဏ်ရာရ  ကစားသမားများနေခဲ့ပြီး လူးကပ်စ်ဟာ  နန်ဒက်ဇ်ဟာ ပေါ်တူဂီနဲ့ပွဲစဉ် ပထမပိုင်းမှာ လူစားလဲခဲ့ရသလို လူစားဝင်လာတဲ့ဒစ်ဂ်နီ ဟာလည်း ၇ မိနစ် အကြာမှာ ဒဏ်ရာ ကြောင့် ပြန်ထွက်သွားခဲ့ရပြီး ရာဘီယော့ က ဒုတိယပိုင်း ပွဲချိန်အများစုကို ဘယ် နောက်ခံလူအဖြစ်ကစားခဲ့ရပါတယ်။ နည်းပြ ဒက်စ်ချမ့်ကတော့  ဆွစ်ဇာလန်နဲ့ပွဲမှာ ဟာနန်ဒက်ဇ် ပြန်လည် ပါဝင်လာနိုင်မယ်လို့   မျှော်လင့်နေပါ တယ်။                                  

(SO)






အခြားဆက်စပ်သတင်းများ