နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုကာကိုလာဘူး၊ခွက်တွေနဲ့ပါပစ်ပေါက်ခံရတဲ့ စီရော်နယ်ဒို‌

ဇွန် ၂၆


ပြင်သစ်ကို  ရင်ဆိုင်ကစားတဲ့  အုပ်စုတွင်း   နောက်ဆုံးပွဲမှာ ရော်နယ်ဒိုက သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့တယ်။ သူဟာ ပေါ်တူဂီ အသင်း အတွက် ၁၇၆ ပွဲ ကစားရာမှာ ၁၀၉ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ကာ  အီရန်ကစားသမား အလီဒါယီရဲ့  လက်ရွေးစင်အသင်း  သမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စံချိန်ရှင် ရော်နယ်ဒိုဟာကွင်းထဲမှာ ကံမကောင်းမှုတွေနဲ့ လည်း ကြုံတွေ့ ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ  ကိုကာကိုလာဘူးနဲ့ အထုခံခဲ့ရသလို      ကွင်းအတွင်းဝင်ရောက်လာတဲ့သူတစ်ဦးနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။  ရော်နယ်ဒိုဟာ  ဂိုးသွင်းအောင်ပွဲခံချိန်မှာ ကိုကာကိုလာဘူးနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။ ကွင်းအတွင်းဝင်ရောက် လာတဲ့ပရိသတ်ကိုတော့လုံခြုံရေးတာဝန်ရှိသူတွေက တားဆီးအကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုဟာ ကိုကာကိုလာဘူးအပြင် ခွက်နဲ့လည်းပစ်ပေါက်ခံခဲ့ရပါသေးတယ်။ ရော်နယ်ဒိုဟာ  သူ့ကို ကိုကာကိုလာဘူး၊ခွက်တွေနဲ့ ထုတာကို သတိကြီးကြီးထားပြီး ရှောင်ကွင်းအောင်ပွဲခံခဲ့ပါတယ်။ ဂျူ ဗင်တပ်စ်စတားဟာ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက သတင်းစာရှင်းလင်းပွဲမှာ ကိုကာကိုလာနဲ့ ဇာတ် လမ်းရှာ ပြဿနာဖြစ်ခဲ့တာပါ။  ဒိုလေးဟာ သတင်းစာ ရှင်းလင်း ပွဲမှာ ကိုကာကိုလာပုလင်းနှစ်ပုလင်းကို ဖယ်ရှားပြီး ရေသောက် ကြရန်ပြောကြားပြီးနောက် ပြင်သစ်နှင့်ပွဲမှာ ကိုကာကိုလာဘူးနဲ့အထုခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒို  မီးစမွှေးခဲ့တာ ကြောင့် နောက်ပိုင်းသတင်းစာရှင်းလင်းပွဲတွေမှာ   ဘီယာပုလင်းဖယ်သူ၊ ကိုလာပုလင်း မော့သောက်သူတွေ ရှိလာပါတယ် UEFA က တော့ ပြီး ခဲ့တဲ့ရက်ပိုင်းက စပွန်ဆာပစ္စည်းဖယ်ရှားတာကို အရေးယူ မယ်လို့ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ