နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ရန်လင်းအောင်(ခ)မိုးတိမ်နှင့် ဝေယံလင်း(ခ)ထွန်းတောက်နိုင် အပါအဝင်လေးဦး လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေး၊  ဇွန် ၂၅


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက် ရန် လက်နက်/ခဲယမ်းများနှင့်အတူ အကြမ်း ဖက်သူအချို့ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ဇွန် ၂၂ ရက်၊ နံနက်ပိုင်းတွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်ကို သွားရောက် ရှာဖွေစစ်ဆေးရာ အကြမ်းဖက် သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူရှစ်ဦး၊ ဖမ်းဆီးရမိ ရှစ်ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်အချို့ သိမ်းဆည်း ရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် အရ အဆိုပါ သေဆုံးသူများတွင် KIA အဖွဲ့မှ ဗိုလ်အဆင့်ရှိ တူးဖိုးနှင့် ကိုရိုင်းတို့ပါဝင်ကြောင်း သိရသည်။


ဆက်လက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ PDF အဖွဲ့များ ငှားရမ်းနေထိုင် သည့် ချမ်းမြသာစည်မြို့နယ်၊ လမ်း ၅၀ နှင့် ၁၁၅ လမ်းထောင့်၊ အိမ်အမှတ် (၅၄) ကို ရှာဖွေမှုများပြုလုပ်ခဲ့ရာ တရားခံများ မတွေ့ရှိဘဲ နေအိမ်အတွင်းမှ လက်လုပ်သေနတ်ခြောက် လက်၊ လက်လုပ်မိုင်း ၂၈ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။


ဖမ်းဆီးရမိတရားခံများအား ဖော်ထုတ်ချက် အရ မန္တလေး (PDF)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရန်လင်းအောင်(ခ) မိုးတိမ်သည် ဇွန် ၂၃ ရက် တွင် ဝေယံလင်း(ခ) ထွန်းတောက်နိုင်နှင့်အတူ လက်နက်/ခဲယမ်းများ မန္တလေးမြို့သို့ ဗန်းမော်- ငါးအိုး- သပိတ်ကျင်း- မန္တလေးလမ်းကြောင်း အတိုင်း သယ်ဆောင်လာကြောင်းသိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေဖမ်းဆီး ရာ နေ့လယ်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်း လမ်းခွဲ၌ ERTIGA အမျိုးအစား ယာဉ်အမှတ်၊ 2P-5582 ဖြင့် လိုက်ပါလာသော ဝေယံလင်း(ခ) ထွန်းတောက်နိုင်၊ ရန်လင်းအောင် (ခ)မိုးတိမ်၊ မျိုးမင်းထွန်းနှင့် စိုင်းသက်ပိုင်ထွန်း တို့လေးဦး ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများကို ၆ ဘီးယာဉ်တစ်စီးဖြင့် သယ်ဆောင်လာကြောင်းသိရသဖြင့် ဖမ်းဆီးရမိ ရေးဆောင်ရွက်ခဲ့ရာ ညနေပိုင်းတွင် မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်အမှတ်(၂၅)၊ ဝါးရုံကုန်း ကျေးရွာ၌ Nissan အမျိုးအစား ယာဉ်အမှတ်၊ 8B-9757 ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော K 2-5 အရှည် ၃၂ လက်၊ K 2-5(ခေါက်ဒင်)      ၃၂ လက်၊ M-79 LL ၄၀ လက်၊ 779 Pading III-S ၁၀ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်အိမ် ၂၄၈ ခု၊ K 2-5 ကျည် ၁၀,၀၀၀ တောင့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁,၄၇၃ လုံး၊ Remote Control မိုင်းအဝေးထိန်းခလုတ် ၃၅ ခု၊ ယမ်းမှုန့်ဟုယူဆ ရသောအထုပ် ၂၅ ထုပ် (၄.၉၆၅ ကီလိုဂရမ်)၊ လွယ်ကြိုး ၁၅၀ ချောင်း၊ လျှပ်စစ် စနက်တံတစ်ခွေနှင့် ဒီတိုနေတာ ၃ ဖာတို့ကို ဖမ်းဆီးရမိခဲ့သည်။             


အဆိုပါ ရန်လင်းအောင်(ခ)မိုးတိမ် ပါဝင် သည့် PDF အဖွဲ့ဝင်များသည် NLD ပါတီမှ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် အမှတ်(၅) ကိုယ်စားလှယ်ဟောင်း (၂၀၁၅) ဦးခင်မောင်မြင့်(ခ) ဦးချို၏ ချိတ်ဆက်ပေးမှုဖြင့် KIA ဌာနချုပ်၊ လိုင်ဇာ၌ မတ် ၂၁ ရက်မှ ဧပြီ ၄ ရက်ထိ စစ်အခြေခံသင်တန်းတက်ရောက်ခဲ့ ကြောင်း၊ လိုင်ဇာသို့သွားရောက်ရာတွင် NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း (၂၀၁၅) ကျော်စိုးလင်း နှင့် ကောလင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဟောင်း(၂၀၁၅) မျိုးဇော်အောင်တို့မှလည်း ကိုယ်ပိုင်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေးမြို့ပေါ်တွင် လူငယ်များစုစည်း၍ သင်တန်းပေးရန်နှင့် အသင့် ဖြစ်ပါက လက်နက်တပ်ဆင်ပေးရန် စီစဉ်ထား ရှိခဲ့ကြောင်း သိရသည်။


ဇွန် ၁၇ ရက်တွင် ဝေယံလင်း(ခ)ထွန်းတောက်နိုင်အပါ လေးဦးတို့သည် လက်နက် များ သယ်ဆောင်ရန်အတွက် မန္တလေးမှ ဗန်းမော် သို့  သွားရောက်ခဲ့ပြီး ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်းဆိုသူနှင့် တွေ့ဆုံ၍ လက်နက်များကို မန်စီမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စီစဉ်ခဲ့ကြောင်း၊ ဇွန် ၂၂ ရက်တွင် KIA အဖွဲ့မှ ဆရာလွန်း၏ စီစဉ်မှုဖြင့် ၆ ဘီးယာဉ်ပေါ်သို့ လက်နက်/ခဲယမ်းများ တင်ဆောင်၍ မန်စီမြို့မှ စတင် ထွက်ခွာခဲ့ပြီး စင်းခန်းတံတားအနီးတွင် ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။


ဇွန် ၂၃ ရက်တွင် ဆက်လက်ထွက်ခွာရာ၌ လက်နက်များတင်ဆောင်သည့်    ၆ ဘီးယာဉ်မှာ မန္တလေးသို့ ဦးစွာထွက်ခွာခဲ့ပြီး ဝေယံလင်း (ခ)ထွန်းတောက်နိုင်အပါ လေးဦးသည် နောက်မှ လိုက်ပါလာခဲ့ရာ သပိတ်ကျင်းမြို့နယ်၊ တကောင်း မြို့လမ်းဆုံ၌ ဖမ်းဆီးခံရပြီး လက်နက်များ သယ်ဆောင်လာသော ၆ ဘီးယာဉ်အား မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်အမှတ်(၂၅)၊ ဝါးရုံကုန်း ကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                

ဆွေဦး






အခြားဆက်စပ်သတင်းများ