နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိနစ် ၁၀၀ သွင်းဂိုးနဲ့ ကိုလံဘီယာကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ ဘရာဇီး‌

ဇွန် ၂၅


ကြာသပတေးနေ့မနက်က ကစားခဲ့တဲ့ကိုပါအမေရိကပွဲမှာ ဘရာဇီးကကိုလံဘီယာကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကိုလံဘီယာတို့ပွဲအစ အစောပိုင်းကတည်းက ဦးဆောင်ဂိုးရခဲ့ပြီး ဘရာဇီးက နောက်ကနေလိုက်ကစားခဲ့ရာ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါ တယ်။ ကိုလံဘီယာကပွဲအစ   ၁၀  မိနစ်မှာပဲ ကွာဒရာဒိုရဲ့ဖြတ်တင်ဘော ကို  ဒိုင်ယက်က မြေမကျကန်သွင်းကာ ရယူသွားခဲ့တာပါ။ ဒီသွင်း ဂိုးကြောင့် နောက်ဆုံး ၆ ပွဲဆက်တိုက် သွင်းဂိုးမပေးခဲ့ရတဲ့ ဘရာဇီး ရဲ့ စံချိန်လည်း ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးအသင်း ဟာ ကိုလံဘီယာနဲ့ပွဲမှာ ပထမပိုင်း ၄၅ မိနစ်ထိ အခွင့်အရေး ဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းပွဲချိန် ၆၆ မိနစ်မှာ ဖာမီနိုရဲ့ဖန်တီးပေးမှုကတစ်ဆင့် နေမာကဂိုးသမားကို ကျော်ဖြတ် ပြီး ကန်သွင်းခဲ့ပေမဲ့ တိုင်ထိမှန်ခဲ့ရပါတယ်။ နောက် ပွဲချိန် ၇၈ မိနစ်မှာတော့ ဒိုင်လူကြီးကိုထိမှန်ခဲ့တဲ့ ဘောလုံးဟာ တောင်ပံကို ရောက်ရှိသွားပြီး ရီနန်လိုဒီကဖြတ်တင်ပေးခဲ့ရာ ဖာမီနိုက ခေါင်းတိုက် သွင်းယူခဲ့လို့ ဘရာဇီးတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ သရေ ရလဒ်ဖြစ်နေချိန် ဒိုင်လူကြီးဟာ အချိန်ပိုကို ၁၀ မိနစ် သတ်မှတ် ပေးခဲ့ပြီး ပွဲချိန် မိနစ် ၁၀၀ မှာရရှိခဲ့တဲ့ ထောင့်ကန်ဘောကို နေမာ ကန်တင်ပေးပေးခဲ့ရာကက်စမဲရိုးက အပိုင်ခေါင်းတိုက်ပြီး ဘရာဇီး အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဘရာဇီး ဟာကိုလံဘီယာကိုခက်ခက်ခဲခဲကစားပြီးမှ ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာကနေ ကွာတားဖိုင်နယ်ကိုတက်ခဲ့ပါတယ်။            

(SO)






အခြားဆက်စပ်သတင်းများ