နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆလိုဗက်ကီးယားအသင်းရဲ့ နယူးကာဆယ် ဂိုးသမားဒူဘရက်ကာဟာ စပိန်အသင်းနဲ့ပွဲမှာ အရယ်ရဆုံးနဲ့စိတ်ပျက်စရာအကောင်းဆုံး ကိုယ့်ဂိုး ကိုယ်သွင်းယူမှု

‌ဇွန် ၂၅


ဆလိုဗက်ကီးယားအသင်းရဲ့ နယူးကာဆယ် ဂိုးသမားဒူဘရက်ကာဟာ  စပိန်အသင်းနဲ့ပွဲမှာ အရယ်ရဆုံးနဲ့စိတ်ပျက်စရာအကောင်းဆုံး ကိုယ့်ဂိုး ကိုယ်သွင်းယူမှုပြုလုပ်ခဲ့ပါတယ်။ ဒူဘရက်ကာဟာပရီးမီးယားလိဂ်ပွဲတချို့မှာလည်း အမှားလုပ်ခဲ့ဖူးပေ မယ့် ဒီလောက်အထိ ဆိုးရွားတဲ့အမှားမျိုး မကျူး လွန်ခဲ့ပါဘူး။ စပိန်အသင်းနဲ့ပွဲ ပထမပိုင်း ၁၂ မိနစ် မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို မိုရာတာကန်သွင်းခဲ့ တာမှာဒူဘရက်ကာဟာ လက်စွမ်းပြကာကွယ် နိုင်ခဲ့ပြီး အခွင့်အရေးတချို့ကိုလည်း ပုတ်ထုတ် နိုင်ခဲ့ပေမယ့် ဂိုးပေးလိုက်ရတော့လည်း ဘာမှ မဟုတ်တဲ့အနေအထားကနေ ပေးလိုက်ရတာပါ။ မိနစ် ၃၀ မှာ စပိန်အသင်း  တောင်ပံတိုက်စစ် ကစားသမား ဆာရာဘီယာရဲ့ အဝေးကန်ချက်က အပေါ်ဘားတန်းနဲ့ထိပြီး ဘောလုံးပြန်အကျမှာ ဒူဘရက်ကာဟာပုတ်ထုတ်ဖို့ကြိုးစားခဲ့တာကနေဘောလုံးကအပြင်မရောက်ဘဲဂိုးထဲဝင်သွား တာပဲဖြစ်ပါတယ်။ အနှေးပြကွက်တွေကိုပြန်ကြည့် ရင်ဒူဘရက်ကာဟာ တမင်တကာများကိုယ့်ဂိုးထဲ ကိုယ်ပုတ်ထည့်လိုက်သလားလို့တောင် ထင်ရပါ တယ်။ ပိုလန်နဲ့ဆလိုဗက်ကီးယားတို့ ကစားခဲ့တဲ့ ပွဲတုန်းက ပိုလန်ဂိုးသမားဆဇက်စနီ ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် OG သွင်းခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် စံချိန်တင် ခဲ့သလို ဒူဘရက်ကာဟာ လည်း အားကျမခံ ဆဇက် စနီနဲ့အတူ   မှတ်တမ်းဝင်အောင်  စွမ်းဆောင် နိုင်ခဲ့တာပါပဲ။ ဒူဘရက်ကာရဲ့ OG ဂိုးက ယူရို ၂၀၂၀ ပြိုင်ပွဲမှာ  ခုနစ်ဂိုးမြောက် ကိုယ့်ဂိုးကိုယ်သွင်း ယူခဲ့တာဖြစ်ပြီး ဆဇက်စနီရဲ့ ၂၀၀၀ ၁ ဂိုး၊ ၂၀၀၄ ၂ ဂိုး၊ ၂၀၀၈ ဝ ဂိုး၊ ၂၀၁၂ ၁ ဂိုး ၊ ၂၀၁၆ ၃ ဂိုး ပြိုင်ပွဲအားလုံးပေါင်း OG ဂိုးအရေအတွက်ကို တူညီ သွားခဲ့တာလည်းဖြစ်ပါတယ်။                    

  (SO)






အခြားဆက်စပ်သတင်းများ