နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စကော့တလန်ကိုသွင်းခဲ့တဲ့မိုဒရစ်ရဲ့ ဂိုးဟာ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးတွေထဲ ပါဝင်သင့်လို့ မီဒီယာတွေ သုံးသပ်‌

ဇွန် ၂၅


ခရိုအေးရှားအသင်းရဲ့ ကွင်းလယ်လူမိုဒရစ်ဟာစကော့တလန်အသင်းကို  ၃-၁  ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ခရိုအေးရှားအသင်း သမိုင်းတစ်လျှောက် သမိုင်းဝင်မယ့်စံချိန်ကောင်း တစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။ ခရိုအေးရှားဟာ ၁၇ မိနစ်မှာ ဗလာဆစ်က အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာ စကော့တလန်ကစားသမား မက်ဂရီဂေါ်က  ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာမိုဒရစ်ဟာဂိုးဧရိယာ ထိပ်နား ကနေလှပတဲ့ ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့ ပြီးဒီဂိုးဟာ ယူရို-၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးတွေထဲမှာပါဝင် သင့်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။ ခရိုအေးရှားအသင်းအတွက် တတိယဂိုးကို ပါရီဆစ်က သွင်းယူခဲ့တာကြောင့် ခရိုအေးရှားအသင်းဟာ အုပ်စု ဒုတိယနဲ့ နောက် တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ မိုဒရစ်အနေနဲ့ ယူရို-၂၀၀၈ ခုနှစ်တုန်းက သြစတြီးယားနဲ့ ကစားခဲ့တဲ့ ပွဲမှာ အသက် ၂၂ နှစ်၊ ၂၇၃ ရက်နဲ့ အသက် အငယ် ဆုံးဂိုးသွင်းသူဖြစ်ခဲ့ပြီး ယခုယူရိုပြိုင်ပွဲမှာတော့ စကော့တလန်နဲ့ပွဲမှာ အသက် ၃၅ နှစ်၊ ၂၈၆ ရက်နဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက် အကြီးဆုံးဂိုးသွင်းသူအဖြစ်ပါ စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရို အေးရှားအသင်းဟာ အုပ်စုအဆင့်က ထွက်ရမယ့် အခြေအနေဆိုးနဲ့ ရှောင်လွှဲနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်း အဆင့်မှာ အုပ်စု E က ဒုတိယရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။                                                

(SO)






အခြားဆက်စပ်သတင်းများ