နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူသုံးဦးနှင့်ပြည်သူတစ်ဦးကိုဖမ်းဆီး တစ်ဦး သတ်ဖြတ်ခံရ

ညောင်လေးပင်၊  ဇွန် ၂၄


ဇွန် ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် အင်းကပ္ပလိပ်ကျေးရွာမှ သောင်ကြီးကျေးရွာသို့ စက်လှေဖြင့် ထွက်ခွာလာစဉ် လက်လုပ်သေနတ် များ ကိုင်ဆောင်ထားသည့် အမျိုးသားငါးဦး တို့မှ စက်လှေအားတားကာ ယင်းတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေစုံစမ်း စဉ် ဇွန် ၂၂ ရက်တွင် သောင်ကြီး ကျေးရွာအုပ်စု ထိုဖိုကျေးရွာအနီးရှိ ဦးရွှေလင်း၏နေအိမ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်း မည်သူကိုမှ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၂၀ လက်၊ လက်လုပ်မိုင်း ၁၃ လုံးနှင့် အကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ အဆိုပါ နေအိမ်၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ အက်ဝိချောင်းအတွင်းမှ ပြည်တော်ကိုယ်ကျေးရွာ မှ ရာအိမ်မှူးဖြစ်သူ ဦးသန်းနွယ်အောင်ကို ဦးခေါင်းကွဲ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မဒေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ