နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်၊  ဇွန် ၂၄


ဇွန် ၂၃ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ သီရိမြိုင် ၁၀ လမ်း၊ တိုက် အမှတ် (၆၅၅/အေ)ရှေ့၌ အမျိုးသား တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး နေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါရပ်ကွက်နေဦးကျော်အေး (ခ) ကျော်ကြီး(၅၀)နှစ် (ဘ) ဦးမောင် ခင်သည် နေအိမ်မှ ယင်းဖွင့်လှစ်ထား သည့် အာရုဏ်ဦးလက်ဖက်ရည်ဆိုင် သို့ လမ်းလျှောက်သွားစဉ် နောက်မှ လမ်းလျှောက်လာသူ အကြမ်းဖက်သူ အမျိုးသားတစ်ဦးက သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ သဖြင့် ဦးကျော်အေး(ခ) ကျော်ကြီး ၏ နောက်ကျောမှ ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။


အဆိုပါ ကျူးလွန်ခဲ့သည့် အကြမ်း ဖက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။                 

ဆွေဦး






အခြားဆက်စပ်သတင်းများ