နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသတ်မှုကျူးလွန်ခဲ့သူများ ပြစ်ဒဏ်ချမှတ်

ရန်ကုန်၊  ဇွန် ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်ခွဲ၊ အောင် ရွှေစင်လမ်း၊ အမှတ်(၆၄၁)နေအိမ်ရှိ ဦးစိန်မိုးမိသားစုကို လုံခြုံရေးတပ်ဖွဲ့ဝင် များထံ သတင်းပေးဟုဆိုကာ မတ် ၁၅ ရက်တွင် ဝေယံဝင်းမြင့်(ခ)ဝေယံ(ဘ)ဦးဝင်းမြင့်အပါအဝင် ၁၄ ဦးတို့သည် နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ ဦးစိန်မိုး၊ အောင်မိုးဟိန်းနှင့် ထင်ခန့်မိုးဟိန်းတို့အား ဓားများဖြင့် ဝိုင်းဝန်းထိုးသတ်ကာ   လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ နှင့် ရာဇသတ်ကြီးပုဒ်မ-၄၃၆ တို့အရ ယင်းတို့ကို ဇွန် ၂၁ ရက်တွင် “သေဒဏ်” အမိန့်ကိုလည်းကောင်း၊ အထက်ပါဖြစ်စဉ်တွင် သေဆုံးသူများ၏ ရုပ်အလောင်း များကို ငမိုးရိပ်ချောင်းအတွင်းသို့ ပစ်ချဖျောက်ဖျက်ရန် အားပေးကူညီခဲ့သည့် စန်းဦး(ခ)ကုလားကြီး (ဘ)ဦးကံမြင့်ကို စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၂၀၁/၁၀၉ အရ ယင်းကို ဇွန် ၂၁ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်” အမိန့်ကိုလည်းကောင်း အသီးသီးချမှတ်လိုက်သည်။                              ဆွေဦး






အခြားဆက်စပ်သတင်းများ