နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းမြသာစည်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက်သူအချို့ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊လက်နက်ငယ်များနှင့်အတူ ဖမ်းဆီးရမိ

ချမ်းမြသာစည်၊  ဇွန် ၂၃


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံ ရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့်အတူ အကြမ်း ဖက်သူတချို့ ရောက်ရှိခိုအောင်းနေ ကြောင်း သတင်းအရ ဇွန် ၂၂ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင် ၁၁၁ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက် စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံး များ၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံ‌ရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး အကြမ်းဖက်သူများအဖွဲ့မှ သေဆုံး သူလေးဦး၊ ဖမ်းဆီးရမိသူနှစ်ဦးနှင့် အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့ သည်။


တစ်ချိန်တည်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုးအဖြူရောင် မော်တော် ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက် ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့သဖြင့် ၁၁၀ လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာကို အရှိန်ဖြင့်ဝင်တိုက် ခဲ့ပြီး အဆိုပါ မော်တော်ယာဉ်ကို  သေဆုံးလျက်ရှိသော အကြမ်းဖက်သူ လေးဦးနှင့်အတူ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။   

                           ဆွေဦး






အခြားဆက်စပ်သတင်းများ