နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့်ဟံသာဝတီလမ်းထောင့် လက်လုပ်ဗုံးသိမ်းဆည်းရမိ

ရန်ကုန်  ဇွန်  ၂၃


ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(မြောက်)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်ဟံသာဝတီလမ်းထောင့်ရှိယာဉ်ထိန်းရုံအနီး ယနေ့ နံနက် ၇နာရီ ၂၀မိနစ်အချိန်က လက်လုပ်ဗုံးတစ်လုံးသိမ်းဆည်းရမိသည်။


အဆိုပါနေရာတွင်  မသင်္ကာဖွယ်ရာအထုပ်တစ်ထုပ်တွေ့ရှိ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ လမ်းထောင့်တွင် အလျား  ၈ လက်မခွဲ၊ အချင်းတစ်လက်မခွဲခန့်ရှိ အပြာရောင် PVC ကော်ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံး တစ်လုံး၊ Samsung Keypad ဖုန်းတစ်လုံး၊ ဓါတ်ခဲအသေး ၄ လုံးတို့ကို ဝါယာကြိုးဖြင့်တွဲလျက်တွေ့ရှိရသဖြင့်သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။                       

(ကြည့်မြင်တိုင်စည်ပင်)






အခြားဆက်စပ်သတင်းများ