နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လာရောက်အပ်နှံ

ကျုံပျော်  ဇွန် ၂၂


ဇွန် ၂၁ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ လက်လုပ် သေနတ် ၁၈ လက်၊ ဒူးလေး လေး လက်နှင့် အခြားဆက်စပ်ပစ္စည်းများ ကိုလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများမှ တူမီးသေနတ်ငါးလက်နှင့် နှစ်လုံးပြူးသေနတ် တစ်လက်တို့ကို လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ ကြောင်း သိရသည်။


ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ် သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံ ရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထား ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ