နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀-၂၀၂၁ဘောလုံးရာသီရဲ့လိုချင်တိုင်းမရနိုင်သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု‌

ဇွန် ၂၂


ဘောလုံးရာသီတစ်ရာသီအတွက် ချီးမြှင့်သည့် Ballon d’ Or  ဆုသည်  ဥရောပ ကစားသမားတိုင်းလိုချင်၍မရသော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပင်ဖြစ်ပါတယ်။ ဒီဆုကိုအများဆုံးပိုင်ဆိုင်ထားသူတွေက ခရစ္စစတီယာနို ရော်နယ်ဒိုနှင့် မက်ဆီတို့ကသာ အများ ဆုံးရရှိထားကြပါတယ်။ ယခုပြီးခဲ့သော ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီတွင်တော့ Ballon d‘Or ဆုကို ဘယ်သူရရှိမည် ကိုမူ အသေအချာ မပြောနိုင်ပေမယ့် ရွေးချယ်ခံ ကစားသမားအနေဖြင့် ခြေစွမ်းကောင်းရုံသာမက UEFA ချန်ပီယံလိဂ် ဖလားရရှိသည့် အသင်း မှ ကစားသမားက   ထိုဆုကိုရရှိဖို့ အလားအလာအရှိဆုံးဖြစ်တယ်။ ထို့ အပြင် မိမိနိုင်ငံ  အသင်းနှင့်လည်း အောင်မြင်မှုတစ်ခုခုကို ရရှိရန်လိုအပ် တယ်လို့  မြင်ပါတယ်။ ဒါကြောင့်၂၀၂၀ – ၂၀၂၁ ခုနှစ်အတွက် Ballon d’Or ဆုကိုရနိုင်ချေရှိတဲ့  ကစားသမား ကတော့ ချလ်ဆီးအသင်းမှ ပြင်သစ် လက်ရွေးစင်နှင့်  ကွင်းလယ်ကစား သမားကန်တီဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။  ကန်တီဟာ  ချဲလ်ဆီး နည်းပြ တူချယ်နှင့်အတူ ချန်ပီယံလိဂ် တွင် အက်သလက်တီကို၊  ပေါ်တို၊ ရီးရဲလ်နှင့် မန်စီးတီးတို့ကို အနိုင်ရရှိ ခဲ့သောပွဲများတွင် ခြေစွမ်းပြကာ အဓိက ကစားသမားအဖြစ်  ရပ်တည်နိုင်ခဲ့ပါ တယ်။ ပြင်သစ်နှင့် မန်ယူတို့မှ ကစား သမားဟောင်းဖြစ်သူ ဆာဟာအနေဖြင့် လည်း ကန်တီ၏ ခြေစွမ်းနှင့်ပတ်သက် ကာ ချီးမွမ်းခဲ့ပြီး Ballon d ‘ Or ဆုအား ကန်တီသာ ရရှိစေရန် တိုက်တွန်းပြော ကြားမှုများပြုလုပ်ခဲ့ပါတယ်။ ထို့အပြင်  ကန်တီအနေဖြင့် ယခုယူရိုတွင် ပြင်သစ် နှင့်အတူ  အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက ထို Ballond‘Or မှာ သူ့အတွက်ပိုသေချာ မှာဖြစ်ပါတယ်။

   (SO)






အခြားဆက်စပ်သတင်းများ